Arc.10.2(စစ်သူကြီးပိုင်ကုဖန်း)

11.9K 1.6K 50
                                    


Zawgyi

အခု သူရှေ့ရှိ အမျိုးသမီးငယ်လေးဟာ ဇာတ်လိုက်မငါးယောက်ထဲက ပိုင်ကုဖန်းချစ်ရသည့်အမျိုးသမီး ပိုင်အန်းယုဖြစ်သည်၊ ထိုအမျိုးသမီးရဲ့အချစ်ကိုတော့ သူတကယ်လေးစားမိသည်၊နောက်ဆုံးအချိန်ထိ ပိုင်ကုဖန်းတစ်ယောက်ထဲကိုသာ မေတ္တာသက်ဝင်ခဲ့တာကိုး

"အန်းယု... "လို့ ပိုင်ကုဖန်းဟာ အန်းယုရဲ့တုန်ယင်နေသည့်လက်လေးကို ကိုင်လိုက်ကာ အားတင်းပြုံးလိုက်ပြီး

"အစ်ကို အဆင်ပြေပါတယ် မစိုးရိမ်ပါနဲ့"လို့ လည်ချောင်းများခြောက်သွေ့နေတာကြောင့် သူရဲ့နဂိုအသံဟာ အက်ကွဲပြီး ခက်ရှရှဖြစ်နေသည်၊အန်းယုဟာ ရုတ်တရက် သူမလက်ကိုကိုင်လာသည့် ကြီးမားပြီးကြမ်းတမ်းတဲ့လက်တစ်စုံကြောင့် ပါးလေးများရဲတွတ်သွားပေမယ့်...ရှောင်ဖယ်ခြင်းတော့ မပြုမှုချေ၊

"အစ်ကိုဖန်း...ဘာလို့ ဒီတစ်ခေါက် တိုက်ပွဲကို မငြင်းရတာလဲဟင် ရန်တွေက ဘယ်လောက်ရိုင်းစိုင်းပြီး ယုတ်မာလည်းဆိုတာ အစ်ကိုသိသင့်တယ်...အခုတော့...အဲ့ဘုရင်မင်းမြတ်ကြောင့်! အစ်ကို့လိုထက်မြက်တဲ့စစ်သူကြီးတစ်ယောက်ရှိတာတောင် အလေးပေးဆက်ဆံမယ်မရှိဘူး...အသုံးမကျ..."

"ပိုင်အန်းယု!" အေးစက်ပြီးအက်ရှသည့်အသံကြောင့် အန်းယုရဲ့ကိုယ်လေးဟာ တုန်တက်သွားပြီး သူမရှေ့ရှိ မျက်မှောင်ကြုတ်ကာ စူးရှကြည့်နေသည့် အပေါ်ပိုင်းဗလာဖြစ်နေပေမယ့် ယောကျာ်းဆန်ပြီး ကြွက်သားများနဲ့ကြည့်ကောင်းသည့် သူမချစ်ရသည့်ခန့်ညားချောမောလွန်းသည့်အမျိုးသားအား တောင်းပန်သည့် မျက်ဝန်းများနဲ့ ကြည့်လိုက်ပြီး

"အန်းယု တောင်းပန်ပါတယ်... စိတ်မဆိုးပါနဲနော်" လို့ မျက်ရည်လေးများဝဲကာ ပြောလာသည့်သူမကြောင့် နောက်ဆုံး ပိုင်ကုဖန်း သက်ပြင်းချလိုက်ကာ အန်းယုရဲ့ခေါင်းလေးကို ဖွဖွလေးပုတ်လိုက်ပြီး

"နောက်တစ်ခါ စကားပြောဆင်ခြင် ကြားလား"

အန်းယုဟာ ခေါင်းညိတ်ကာ နာခံမည်ဖြစ်ကြောင်းကတိပေးလိုက်ပြီး ကြာကြာနေရန်မသင့်တော်တာကြောင့် ပြန်သွားတော့သည်၊အန်းယုပြန်သွားတော့ ပိုင်ကုဖန်းလည်း လက်ရှိအခြေအနေကို စဉ်းစားလိုက်သည်၊

Zhao Wen Xuan(System)Where stories live. Discover now