Zawgyi"ရန်ရှင်း... သဖက်ခါကျရင် ကော့တင်းပါတီကို ကိုယ်နဲ့အတူ လိုက်ခဲ့ပါလား" လို့ ပိုင်လီရှန့်ဟာ ပြောလိုက်တော့ ပိုင်ရန်ရှင်းရဲ့မျက်ခုံးများဟာ အလယ်ကိုစုကြုတ်သွားတာမြင်တော့...
"အဲ့လိုပါတီမျိုးက စုံတွဲတွေပါ တတ်ရောက်ရမှာလေ...ဒါကြောင့်..." ပိုင်လီရှန့် ဆက်လက်ပြောဆိုလိုက်သည်၊
"အရင်က ဘယ်သူနဲ့သွားလဲ အဲ့တစ်ယောက်နဲ့သာ သွား ပြီးတော့ အခုမှ ငါ့အပေါ်ကောင်းချင်ယောင်ဆောင်မနေနဲ့ ပြီးတော့ တစ်လကုန်သွားတာနဲ့ ငါအမေရိကန်ကို ပြန်တော့မှာ မင်းရဲ့ဥစ္စာပစ္စည်းတစ်ဝက်ကိုလည်း ငါမက်မောနေမှာ မဟုတ်ဘူး"လို့ ပြောရင်း ကားပြတင်းပေါက်ကနေတဆင့် အပြင်ကိုသာ မျက်နှာလွဲလိုက်သည်၊
ပိုင်လီရှန့်ဟာ သူအပေါ်အထင်လွဲနေသည့် ရန်ရှင်းကိုဘယ်လိုဆက်ပြောရမလဲ မသိဖြစ်သွားသည်၊အမှန်လည်း အတိတ်ကဖြစ်ပျက်ခဲ့သမျှက သူ့အမှားတွေကိုး၊ရန်ရှင်းကို မျက်ကွယ်ပြုခဲ့ပြီး မုရှင်းရုံကိုသာ နေရာတကာခေါ်ဆောင်သွားခဲ့ပြီး သူရဲ့ကြင်သူသက်ထားလို ဆက်ဆံပေး၊အလေးပေးခဲ့မိသည်၊ ဘာကြောင့် ထိုလုပ်ရပ်တွေ လုပ်ခဲ့မိရတာလဲ? ဘာလို့ သူ့အပေါ် အရာအားလုံးပေးဆပ်တဲ့ရန်ရှင်းကို မမြင်မိခဲ့ရတာလဲ...! သူက တကယ်ခွေးလောက်တောင် အသုံးမကျတဲ့သူတစ်ယောက်ပဲ
"လက်ရှိအချိန်အခါမှာ ကိုယ့်ရဲ့ခံစားချက်တွေက အစစ်မှန်တွေပါ"လို့ ပြောလိုက်တော့ ပိုင်ရန်ရှင်းဟာ မဲ့ပြုံးပြုံးလိုက်ပြီး
"ဆောရီးပဲ လီရှန့် မင်းလုပ်ရပ်နဲ့ပတ်သတ်ပြီး ငါဒုတိယတစ်ခေါက် ယုံကြည်ပေးဖို့ ငါ့ရဲ့စိတ်ဒဏ်ရာက အခုထိမကျက်သေးဘူး... "
"ကိုယ် မင်းကိုအတင်းအကြပ်မတောင်းဆိုပါဘူး အရာအားလုံး ရန်ရှင်းသဘော...ရန်ရှင်းစီစဉ်တာမှန်သမျှ ကိုယ်လက်ခံပေးမှာပါ "လို့ ပိုင်လီရှန့်ဟာ ရန်ရှင်းရဲ့လက်လေးတစ်ဖက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်တော့ ပိုင်ရန်ရှင်း စိတ်ထဲ...ရင်းနှီးတဲ့ခံစားချက်များဖြတ်သန်းသွားကာ...
'Sky ပြောသလို ဒီနွားက ငါ့ချစ်သူများလား!!'
"ထားလိုက်တော့... အိမ်ပြန်မယ် " လို့ ပြောလိုက်ရင်း ထိုပါတီအကြောင်း စတင်စဉ်းစားကြည့်မိသည်၊အရင်ဘဝက ပိုင်လီရှန့်က ထိုပါတီကို မုရှင်းရုံကို ခေါ်သွားခဲ့ပြီး သူရဲ့မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးခဲ့ပြီး မုရှင်းရုံရဲ့ထက်မြက်တဲ့အရည်အချင်းတွေနဲ့ကောင်းမွန်သည့်စိတ်ထားကြောင့် လူတော်တော်များက မုရှင်းရုံကို သဘောကျသွားခဲ့သေးတယ်! ဟက်... ငါက သူကို လွယ်လွယ်ပေးအောင်မြင်ခိုင်းမယ် ထင်နေလား...၊ဒါ လူကြားထဲမှာ ပိုင်ရန်ရှင်းနဲ့မုရှင်းရုံ ထိပ်တိုက်ရင်ဆိုင်ပွဲပဲ...
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...