Arc-11.3(Hyung...I love you)

10.2K 1.4K 99
                                    

Zawgyi

မနက်မိုးလင်းတော့ လီထယ်ယွန်း ကျောင်းသွားရမှာကြောင့် တက်ကြွစွာဖြင့် အဝတ်အစားလဲရင်း မှန်ရှေ့ရှိ ကျောင်းဝတ်စုံနဲ့သူရဲ့ပုံရိပ်ကို ကျေနပ်စွာကြည့်လိုက်သည်၊လီထယ်ယွန်းဟာ တကယ်ချောသည့်အထဲမှာ ပါဝင်ပြီး အနည်းငယ်လှသည့်ဘက်လည်း ရောက်နေသည်၊ရှင်းရှင်းပြောရရင် ပယင်းရောင်မျက်ဝန်းအရောင်ကြောင့် လီထယ်ယွန်းရဲ့ကြည့်ကောင်းသည့်မျက်နှာကို ပိုမိုဆွဲဆောင်မှုရှိအောင် ဖန်တီးလိုက်သလိုပင်၊ ထိုနောက် အညိုရောင်ဆံပင်များကို ဘေးခွဲလိုက်ပြီး အနည်းငယ်ပွကာ ဆံပင်ပုံစံသေချာ ဖော်ပြီးနောက်မှာ သူရဲ့​ကျောင်းနက်ကတိုင်ကို အနည်းငယ်လျောချလိုက်ပြီး ကျောင်းလွယ်အိတ်ကို ဆွဲယူကာ အခန်းထဲကနေ ထွက်လာချိန်မှာ သူရဲ့မျက်နှာချင်းဆိုင်ခန်းကနေလည်း ပတ်မင်ဆော့ထွက်လာသည်ကို တွေ့လိုက်ရတော့သည်၊

လီထယ်ယွန်း မျက်မှောင်တချက် ကြုတ်သွားပြီး ပတ်မင်ဆော့ကို တချက်စိုက်ကြည့်လိုက်ပြီးနောက်မှာ သူနဲ့မဆိုင်သလို ဘေးကနေဖြတ်ကာ ဆင်းသွားရန်အလုပ် သူရဲ့လက်ကို ပြန်ဆွဲကာ

" Hyung နက်ကတိုင်ကို သေချာလုပ်လေ... " လို့ ပြောလာပြီး သူရဲ့နက်ပတိုင်ကို တင်းတင်းပြန်စိလာတာကြောင့် ပတ်မင်ဆော့ကို သူပြန်စူးစိုက်ကြည့်ကာ မကျေမနပ် နူတ်ခမ်းစူသွားပြီး

"ဖယ်စမ်း! ငါ့ကို မထိနဲ့" လို့ ပြောရင်း လီထယ်ယွန်းဟာ သူရဲ့နက်ကတိုင်ပင် ပိုမိုလျောချလိုက်ပြီး ထိပ်ဆုံးကကြယ်သီးကိုဖြုတ်ပင် ဖြုတ်လိုက်ပြီး ဂရုမစိုက်သလို မဲ့ပြုံးပြုံးပြကာ ထွက်သွားတော့သည်၊ဒါပေမယ့်လည်း လက်ကောက်ဝတ်ကနေ ပြန်ဆွဲခံရကာ သူရဲ့ကိုယ်ဟာ နံရံဘက်အကပ်ခံလိုက်ရပြီးနောက်မှာ သူရဲ့ခြေတံနှစ်ချောင်းထဲ ထောက်ဝင်လာသည့် ပတ်မင်ဆော့ခြေထောက်ကြောင့် လီထယ်ယွန်းအလန့်တကြား

"မင်း ဘာလုပ်တာလဲ!!" လို့ အော်ပြောလိုက်ပေမယ့် ပတ်မင်ဆော့ဟာ သူရဲ့အသံမကြားသည့်ပုံစံဖြင့် တွန်းကာ ရုန်းနေသည့် လီထယ်ယွန်းရဲ့လက်လေးနှစ်ဖက်ကိုပင် သူရဲ့လက်တဖက်နဲ့ အပေါ်ဘက်ကို မြှောက်ပင့်ကာ ချုပ်လာတာကြောင့် သူ့မှာ ဆက်မရုန်းကန်နိုင်တော့ပေ၊ ထိုနောက် ပတ်မင်ဆော့ရဲ့ လက်တစ်ဖက်ဟာ သူရဲ့လည်ပင်းဆီ ရောက်လာတာကြောင့် လီထယ်ယွန်းမှာ မျက်လုံးလေး ပြူးကျယ်သွားကာ

Zhao Wen Xuan(System)Where stories live. Discover now