အရေးအသား မသေသပ်၊စာလုံးပေါင်း အမှားပါရင် တောင်းပန်ပါသည်၊
အရေးအသား မသေသပ်၊စာလုံးပေါင်း အမှားပါရင် တောင်းပန်ပါသည်၊Zawgyi
"မင်း ဘယ်လိုလုပ်လိုက်တာလဲ!!!" kinoseကို တွန်းထုတ်လိုက်ကာ asamiဆီသွားမလို့ပဲရှိသေးသည်၊အနောက်ကနေ လက်ကို လှမ်းဆွဲလိုက်တာကြောင့် ရင်ခွင်ထဲကို ပြန်ရောက်ရှိသွားတော့သည်၊ Tadashiမျက်နှာဟာ ဒေါသကြောင့်လား ရှက်ရံွံမှုကြောင့်လား မသဲကွဲစွာ နီရဲနေတော့သည်၊
"မင်း ဘာလို့ အဲ့ကောင်မလေးဆီ သွားချင်နေတာလဲ ကိုယ်က မင်းရဲ့mate မင်းကို ကိုယ်ကလွဲပြီး အခြားလူတွေ ထိတာမကြိုက်ဘူး" သူရဲ့ခါးကို တင်းကြပ်စွာဖက်လိုက်ပြီး နားဖျားလေးနား ကပ်ပြောနေတာကြောင့် Tadashiစိတ်တွေ ရှုပ်လာတော့သည်၊
[Sky: ပြောသင့်မပြောသင့် မသိဘူး၊ Kinoseလို Dominate Alphaမျိုးဟာ သာမန် Alphaတွေထက် ပိုအားသန်တယ်တဲ့]<ပိုလည်း ကြီးတယ် အိပ်ယာထဲမှာလည်း အချိန်ကြာကြာ စွန်းဆောင်နိုင်တယ်တဲ့> ကျန်တဲ့ စကားကိုတော့ စိတ်ထဲတွင် ပြောလိုက်သည်၊ မဟုတ်ရင် ဝမ်ဝမ်လေးရဲ့ဒေါသတွင်ဟာ သူဆီ ပုံကျလာလို့ သူရဲ့ဆေးဝါးတွေ မဝယ်ပဲ နေနေအုန်းမည် (မင်းမှာ စိုးရိမ်ပူပန်တဲ့စိတ်ရှိသေးတရ်ပေါ့??)
'ငါသိပါတယ်ကွ ပိုအားကြီးတာ' ငါသိချင်နေတာ ရှေ့ကလူက ငါ့ချစ်သူ ဟုတ်မဟုတ် နမ်းကြည့်သင့်လား နမ်းပြီးလို့ မဟုတ်ရင် ဘယ်လိုလုပ်မလဲ၊ သူက Tadashiရဲ့ mateလေ ဒါပေမယ့် ငါ့ချစ်သူ ဟုတ်မဟုတ် မသေချာဘူးလေ လက်ရှိ သူရှေ့က ကောင်က သူထက် အားကြီးနေတယ်!
Tadashiဟာ Kinoseကို တွန်းထုတ်လိုက်ပေမယ့် တကယ်တော့ Kinoseဟာ နေရာပင်မရွေ့သွားပေ၊
"မင်း ဘာတွေ ပြောနေတာလဲ ၊ငါ့ညီမကိုလည်း တွန်းချသေးတယ် ငါ့ရှေ့က ထွက်သွား"ဒေါသကြောင့် နီရဲနေသော မျက်နှာလေးဟာ ရုပ်မဆိုးသွားတဲ့အပြင် ပိုမိုလှပလာသလိုပင်၊ Kinoseဟာ Tadashiရဲ့ မျက်နှာလေးကို ရီဝေဝေလေးကြည့်လိုက်ပြီး ဆံပင်အချို့ကိုပင် နားနောက် သပ်ပေးနေသည်၊ ရှင်းရှင်းပြောရရင် Tadashiပေါက်ကွဲပြီး ပြောလိုက်တဲ့စကားများကို သူမကြားပင်၊ သူမျက်စိထဲ Tadashiသာ ရှိသည်၊
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...