Zawgyiခရစ်ချက်စ်ရဲ့ သဘောတူညီမှုကို ရပြီးနောက် မစ်လ်ဟာ နက်စ်တို့ဆီကို လှည့်ကြည့်လိုက်ပြီး...
"မင်းတို့ သဘောကကော? ငါတို့ဒီနယ်မြေထဲမှာနေရင် မင်းတို့ကို ဘယ်သူမှနှောင့်ယှက်ရဲမှာမဟုတ်တာကိုတော့ အာမခံတယ်"လို့ မစ်လ်ဟာ ခရစ်ချက်စ်ဘက်ကို တချက်လှည့်ကြည့်ရင်းပြောလိုက်တော့ ခရစ်ချက်စ်လည်း ခေါင်းညိတ်လိုက်ပြီး
"ငါအရှင်သခင်ရဲ့ကြင်ယာတော့်စကားတိုင်းဟာ ငါ့စကားပဲ"
နက်စ်ဟာ စိတ်ထဲအနည်းငယ်ကြေကွဲသွားပေမယ့် အားတင်းပြုံးလိုက်ပြီး မစ်လ်ကို အားနာသည့်တဲ့အကြည့်များနဲ့ကြည့်ကာ...
"မစ်လ် မင်းကို ဒုက္ခပေးမိပြန်ပြီ..." လို့ ပြောလိုက်တော့ မစ်လ်ဟာ ခေါင်းလေးခါလိုက်ပြီး "ငါတို့က ရဲဘော်ရဲဘက်တွေလေ... မင်းတို့ ဒုက္ခရောက်နေတာကို မျက်နှာလွဲမထားနိုင်ဘူး" လို့ မစ်လ်ဟာ ပြောလိုက်သည်၊ ခရစ်ချက်စ်ဟာ သူ့ချစ်ရသူလေးရဲ့ ကြင်နာမှုကို ဂုဏ်ယူစွာ ပြုံးလိုက်ပြီး...
"သူတို့ကို ကိုယ်စီစဉ်ပေးလိုက်မယ်... မင်း စောစောအနားယူတော့လေ" လို့ ပြောလိုက်တော့ မစ်လ်ရဲ့နားလေးတွေဟာ ရဲတက်သွားပြီး ခရစ်ချက်စ်ရဲ့ အင်္ကျီစကို လှမ်းဆွဲကာ
"ခရစ်...ခရစ်ချက်စ် ကျွန်တော် ခင်ဗျား အခန်းကို လာလည်လို့ရလား"လို့ မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်တာကြောင့် ခရစ်ချက်စ်မှာ မငြင်းရက်စွာ
"ရတာပေါ့ မင်းက ကိုယ့်ရဲ့ကြင်ယာတော်ပဲလေ ဒီVampireနယ်မြေမှာ မင်း ခွင့်တောင်းစရာမလိုအောင် သွားချင်တဲ့နေရာ သွားလို့ရတယ် " လို့ ခရစ်ချက်စ်ဟာ ပြောလိုက်သည်၊ ထိုနောက် သူ့နောက်လိုက်တွေကို နက်စ်တို့ကို သေချာနေရာချပေးရန် ပြောလိုက်သည်၊
ခရစ်ချက်စ်ဟာ မစ်လ်ကို သူရဲ့အိပ်ခန်းထဲ မစ်လ်ကိုခေါ်လာပေမယ့် စိတ်လှုပ်ရှားနေပြီး သူရဲ့ချစ်စိတ်လောင်ကျွမ်းမှုသည်လည်း ပိုမိုဆိုးဝါးနေကာ ထိန်းချုပ်နေရသည်၊ သူက နှစ်တသောင်းလောက်ရှင်သန်လာရတဲ့ Vampire လေ ၊ ဘာလို့ သူ့ကိုယ်သူ လူပျိုပေါက်လေးလို ခံစားနေရတာလဲ ...၊ အာ တကယ်လည်း သူကလူပျိုပေါက်လေးပဲလေ! သူလူသားဘဝထဲကနေ ဒီချိန်ထိ ဘယ်သူကိုမှမချစ်ဖူးသလို၊တစုံတယောက်နဲ့လည်း မအိပ်စက်ဘူးချေ၊ အနည်းငယ် စာတွေ့လောက်တော့ ရှိပေမယ့်ပေါ့
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...