Arc.7.10(နတ်ဆိုးဘုရင်အက်တာ)

14.2K 1.9K 47
                                    


Zawgyi

ရစ်ချက် ဂါထာရွတ်လိုက်တာနဲ့ ကောင်းကင်တွေ အနက်ရောင်အလုံးကြီးများပေါ်လာပြီး အလုံးများဟာ အက်တာတို့ရဲ့ အနီးနားဝန်းကျင်ကိုကျကုန်တာ ထိမိတဲ့လူတွေရဲ့ အနက်ရောင်ချီများ နဲ့ အခြားသူတွေကို အသိစိတ်မဲ့လာသတ်ရန်ကြိုးစားတော့သည်၊

"ဟားဟား မင်းတို့ အချင်းချင်းသတ်ဖြတ်နေတာကိုပဲ စောင့်ကြည့်နေတာပေါ့" ရစ်ချက်ဟာ လီနာ ရင်မွှာအစုံကို ကိုင်ကာ ကျီဆယ်ရင်း ပြောလိုက်သည်၊

"ဟေး နှာဘူးကြီး ..."

အက်တာဟာ အဝေးမှာ ကြည်နူးနေတဲ့အတွဲကို လှမ်းခေါ်လိုက်တော့ ရစ်ချက်ဟာ ဒေါသတွင်ထွက်ကာ သူဘက် လှည့်လာသည်၊ဒါပေမယ့် အက်တာရဲ့ရုပ်ရည်ကိုမြင်ပြီး အံ့အားသင့်သွားတာကြောင့် အက်တာဟာ တချက်ပြုံးမိသွားသည်၊ ထိုလူက တော်တော်ဘူးတာပဲ ငါ့တောင် စားချင်နေလားမသိဘူး၊

"မင်း အသက်ချမ်းသာပေးပါလို့ ငါ့ဆီ လာပြီးခခယယတောင်းပန်ရင် ငါမင်းကို ချမ်းသာပေးနိုင်တယ်နော် ကောင်လေး" ရစ်ချက်ဟာ အက်တာကို လိုချင်တပ်မက်စွာကြည့်ပြီး လျှာသပ်ကာ ပြောလိုက်သည်၊

ဇန်နီးယားတယောက် မျက်နှာနီရဲတဲ့အထိ ဒေါသထွက်နေပေမယ့် မျက်နှာဖုံးအုပ်ထားတာကြောင့် သူဖြစ်နေသည်ကို ဘယ်သူမှမမြင်ပေမယ့် အေးစက်နေတဲ့လေထုကိုတော့ ဘေးကလူတွေ သတိထားမိကုန်ကျသည်၊

"Haha... ခင်ဗျားဆီမှာ ခယရမယ် ကျွန်တော်က... ဟုတ်လား
ခင်ဗျားက နှာခေါင်းကြီးရုံမကဘူး ဦးနှောက်ပါချောင်နေတာပဲ"

"မင်း ဘာပြောလိုက်လဲ! မသေချင်ရင် တောင်းပန်လိုက်သင့်တယ်နော် မင်းလူတွေကို ကြည့်လိုက်စမ်း"

အက်တာဟာ သူအနောက်မှာ တယောက်နဲ့တယောက်တိုက်ခိုက်နေတဲ့လူတွေကို ကြည့်ပြီး ပြုံးမိလိုက်သည်၊ပြီးနောက်

"တော်တော့ မင်းတို့ ကစားနေတာတွေ ရပ်လိုက်တော့"ဟု ပြောလိုက်တာနဲ့ နတ်ဆိုးနယ်မြေခံကစားသမားတွေက ရယ်မောကုန်ကျပြီး
"ခေါင်းဆောင်ကို တကယ်လှည့်စားလို့မရဘူးပဲ...ကဲကဲ အခြားအဖွဲ့က ကျိန်စာမိနေတဲ့လူတွေ ဖမ်းပြီးချုပ်နှောင်ထားလိုက်"

Zhao Wen Xuan(System)Where stories live. Discover now