Arc.10.7(စစ်သူကြီးပိုင်ကုဖန်း)

12.3K 1.7K 81
                                    


Zawgyi

တန်ဖိုးကြီးအဆောင်အယောင်များနဲ့ ခမ်းနားသင့်တယ်စွာပြင်ဆင်ထားသည့် အိပ်ဆောင်ထဲရှိ ရွှေသားများဖြင့်ပြုလုပ်ထားပြီး နူးညံ့သည့်မွေ့ရာအထက်တွင် အဖြူရောင်နောက်ခံပါးလေးသာဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်များဟာ မွေ့ရာပေါ်တွင် ဖြန့်ကားနေပြီး နောက်ခံအနီရောင်အိပ်ယာခင်းနဲ့လိုက်ဖက်စွာတည်ရှိနေသည်၊တိုစိပ်စိပ်မျက်တောင်များဟာ မှေးမှိတ်ထားသည့်မျက်လုံးများကြောင့် အလှတရားထင်ရှားစွာမဖြစ်ပေမယ့် သူရဲကောင်းဆန်ဆန်မျက်ခုံးမွှေးများဖြင့်တော့ အလွန့်အလွန်ကြည့်ကောင်းနေပြန်သည်၊ဖြောင့်စင်းသောနှာတံအောက်ရှိ ညိုဖျောဖျော့နူတ်ခမ်းတစ်စုံဟာ ပြုံးခြင်း၊မဲ့ခြင်းများမရှိဘဲ တန်းနေသည်၊အကုန်လုံးခြုံကြည့်ရင် အနက်ရောင်ဆံပင်များပိုင်ဆိုင်ထားသည့် ထိုလူငယ်လေးရဲ့မျက်နှာဟာ လှပနေခြင်းမဟုတ်ပဲ၊ မြင်သည်နှင့် လေးစားဖွယ်ကောင်းပြီး ယုံကြည်စရာကောင်းသည့်မျက်နှာပေါက်မျိုးဖြစ်သည်၊ ထိုလူငယ်တစ်ဦးဟာ ကုတင်ပေါ်မှာ အပူအပင်ကင်းစွာအိပ်စက်အနားယူနေပေမယ့် ထိုလူငယ်ရဲ့ဘေးတွေ အမျိုးသားတစ်ဦးကတော့ ထိုအေးချမ်းသည့်အငွေ့အသက်များနဲ့ဆန့်ကျင်စွာ တင်းမာနေသည့် မျက်နှာထားဖြင့် မတ်တပ်ရပ်နေတော့သည်၊ ထိုနောက် နန်းတွင်းအစေခံတစ်ဦးဟာ ဝင်လာတာ...

"အရှင် မိဖုရားအန်းယု နန်းဆောင်အရှေ့မှာ အခုထိဒူးထောက်နေတုန်းပဲ မကြာခင် မေ့လဲသွားနိုင်တယ်အရှင်... အဲ့တာ" အစေခံဟာ ကြမ်းပြင်ပေါ်ဒူးထောက်လိုက်ပြီး သူတို့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရသည့် မင်တိုင်းပြည်ရဲ့အရှင်ဘုရင်မင်းမြတ်မင်ရန်ဟောက်ရဲ့နောက်ကျောကိုပင် မကြည့်ရဲပေမယ့် တိုင်းပြည်ရဲ့မိဖုရားတစ်ပါးရဲ့အသက်အန္တရာယ်အကြောင်းကိုတော့ အကြောင်းကြားသင့်သည်မလား၊

"ထွက်သွား"

"အရှင်... တကယ်လို့ စစ်သူကြီးပိုင်သာ နိုးခဲ့လို့ မိဖုရားပိုင်အန်းယုကို မမြင်ခဲ့ရင်... တောင်းပန်ပါတယ် အရှင် ဒီကျွန် သေသင့်ပါတယ် ခွင့်လွှတ်ပေးပါ!!" ဒါပေမယ့် ဘယ်လောက်ဘဲ ဘုရင်တစ်ပါးရဲ့အစေခံဖြစ်နေပါစေ၊ သေမင်းတမာန်လို တစ်ပါးသူရဲ့သေခြင်းတရားကိုဆုံးဖြတ်ပေးနိုင်သည့် ခရမ်းရောင်မျက်ဝန်းများနဲ့ရင်ဆိုင်မိပြီဆိုရင် အသူရာကယ်ချောက်တွင်း၌သာကြုံတွေ့ရမည့် အကြောက်တရားနီးနီးကို သင်ခံစားရလိမ့်မည်ဖြစ်သည်၊အစေခံဟာ ဘုရင်မင်းမြတ်ဆီက ကြောက်မက်ဖွယ်ရာကောင်းသည့် သတ်ဖြတ်ခြင်းအရှိန်အဝါနဲ့အတူ စိတ်ဝိညာဉ်ကိုပင်ဖောက်ထွင်းမြင်နိုင်သည့် ခရမ်းရောင်မျက်ဝန်းနက်များကြောင့် ပြောလက်စ စကားများပင် ရပ်တန့်သွားကာ နဖူးနဲ့ကြမ်းပြင်နဲ့အကြိမ်ကြိမ် ထိတိုက်ကာ ခွင့်လွှတ်စကားဆိုတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now