Zawgyi
"အားလီ!!"
"ဟုတ် ဒုတိယသခင်လေး အားလီ ရှိပါတယ်...ဘာများခိုင်းမလိုလဲ"
"အခုချက်ချင်း ငါ့အတွက် ရေချိုးဖို့ အသင့်ပြင်ပေး မကြာစေနဲ့"
"ဗျာ...သခင်လေး ခုနကပဲ ရေချိုးပြီးပြီမလား"
အားလီ ဟာ ဖန်ဝမ်ကျန် ရဲ့ အနီးကပ် အစေခံဖြစ်တဲ့အပြင် သူလက်နဲ့ ကိုယ်တိုင် သတ်မိခဲ့တဲ့ အစေခံလည်းဖြစ်သည်၊ ဒါတွေ အားလုံးဟာ လန်မေ့ရုံ ရဲ့စနပ်တွေကြောင့်ဖြစ်သည်၊ အားလီ ဟာ အလွန်သစ္စာရှိတဲ့အစေခံဖြစ်တဲ့အပြင် လန်မေ့ရုံ ရဲ့ လူသိမခံတဲ့အကြောင်းအချို့ကိုလည်း သိရှိသွားသူဖြစ်သည်၊ ဒါပေါ့ ဇာတ်လိုက်မရဲ့ လမ်းမှာ ခဲတလုံး ဆူးညှောင့် တခုတောင် ရှိမနေစေရဘူးဆိုတဲ့အပိုင်း လန်မေ့ရုံ က သူလက်များကို သုံးစရာမလိုပဲ ဖန်ဝမ်ကျန် ကို လှည့်ကွက်အနည်းအငယ် သုံးကာ အားလီ ရှင်းပစ်ခဲ့သည်၊
ဒါဟာ ဖန်ဝမ်ကျန် ရဲ့ အယုံကြည်ရဆုံး အစေခံကို ဆုံးရှူံးသွားခြင်းဖြစ်သည်၊ ဒါပေမယ့် အခုက အရင် ဖန်ဝမ်ကျန် မှ မဟုတ်တာ.. သူတချက် ပြုံးလိုက်ပေမယ့် မိတ်ကပ်များ ထူပိန်းနေပြီး နူတ်ခမ်းနီအကွက်လိုက်ဖြစ်နေသော အပြုံးဟာ ဘယ်လိုလုပ်လှပမှာလဲ......
"မင်းဟာ ဒီသခင်ကို ပုံဆိုးပန်းဆိုး ဖြစ်ချင်လို့လား...ဒီစိတ်ပျက်စရာကောင်းတဲ့ဝတ်စုံနဲ့ ဆံပင်နဲ့မျက်နှာပေါ်က အရာတွေကို ငါ ဆေးကြောချင်ပြီ.. သွား...ခု သွားပြင်ဆင်"
"ဗျာ!!!!"
အားလီ ရဲ့ အော်သံကြောင့် ဝမ်ကျန့် သူနားများ ကန်းပြီလားလို့တောင် ထင်မိသည်၊ ဒီအကောင်သေးသေးလေးမှာ ဘာလို့ သူနဲ့မလိုက်ဖက်တဲ့ စူးရှရှ အသံကြီး ရှိနေရတာလဲ
"မင်း ငါ့ကို နားကန်းပြီး သေအောင် လုပ်နေတာလား ဟမ်၊ သွား..သွား မြန်မြန်ပြင်ဆင်"
အားလီ အံ့အားထိန့်လန့်စွာ အလျှင်အမြန် ထွက်သွားတော့သည်၊သူရဲ့ အရှိန်ဝါ ခြေထောက်မှာ မော်တာ တပ်ထားသလိုပါပဲ
ဝမ်ကျန့် ကတော့ သူရဲ့ ခေါင်းပေါ်က ရွှေသိုလှောင်ခန်းကို ဖြေရှင်းနေရတော့သည်၊ ပြီးနောက် ကိုယ်ပေါ်ရှိ ဝတ်ရုံလွှာများ တခုပြီး တခု ချွတ်ကာ... နောက်ခံ အဖြူရောင် အပါးလေးသာ ချန်ရစ်ထားတော့သည်၊ ဒီကမ္ဘာဟာ ရှေးခေတ်အယူဝါဒများကို သူဘယ်လိုမေ့မှာလဲ သူရဲ့ အငယ်လေးကိုပဲ ဖုံးကွယ်ထားရင် အားလီရဲ့ အောင်မြင်တဲ့အသံကို ကြားရပြီး နားတော့ အကန်းမခံချင်ပါ
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...