Arc.1.11(ဖန်ယင်ယွဲ့ဘဝ)

23.5K 2.4K 26
                                    


Zawgyi

ဝမ်မို့ရီလည်း သူကို ဒေါသတကြီးကြည့်နေတဲ့ လူနှစ်ဦးကြောင့် ထိုနေရာတွင် တုန်လှုပ်စွာ ရပ်နေရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည်...သူလည်း အားတင်းကာ...

"အကိုကျန်း... အကိုကျီ... မို့ရီ မတော်တဆ တွန်းမိတာပါ...ဖန်ယင်ယွဲ့က မို့ရီကို စော်စော်ကားကား ပြောလို့ပါ...မို့ရီကို ယုံပါနော်..." သူရဲ့ သုံးနေကျ လက်နက်ဖြစ်တဲ့ မျက်ရည်များကို သုံးကာ ပြောလိုက်ပေမယ့်

အကြောင်းစုံသိထားသော ကျန်းကျန့်သိုက်က ရွံရှာစွာ ကြည့်ရင်း ဘာမှ မပြောတော့ပဲ ယင်ယွဲ့အား ဂရုတစိုက်ဖြင့်  ထူပေးရင်း ဒဏ်ရာ ရှိ မရှိ စစ်ဆေးနေသည်။ သွမ့်ကွေ့ကျီကတော့ အစထဲက ဂရုကို မစိုက်သောကြောင့် ဝမ်မို့ရီ
ဘာပြောလိုက်မှန်းကို မသိပေမယ့်...

"မင်းနဲ့ငါနဲ့က ရင်းနှီးလို့လား မင်းက လူမဟုတ်ဘူးလား ခွေးတောင် တစ်ခါပြောရင် မှတ်မိတယ်... မင်းက တကယ် စိတ်ပျက်စရာကောင်းတဲ့ကောင်ပဲ"လို့ အနှောက်အယှက်တစ်ယောက်ကို ပြောသည့်လေသံဖြင့် ပြောလိုက်တာကြောင့် ဝမ်မို့ရီမျက်နှာလေးဟာ အံ့အားသင့်သွားသည်၊

ဒါအပြင် သူရဲ့မျက်ရည်များက ထိုနှစ်ယောက်ပေါ် အသုံးမဝင်ဘူးဆိုတာ သိလိုက်ရတော့ ဝမ်မို့ရီတစ်ယောက် စိတ်ပျက်သွားတော့သည်၊ သူ ပိုင်ဆိုင်ရမဲ့နှစ်ယောက်က သူအပေါ် ခါးခါးသီးသီးဖြစ်နေတဲ့အပြင် ရွံစရာအရာကို ကြည့်နေသလို ကြည့်နေတာကြောင့် သူစိတ်ထဲ နာကျင်လာပြီး...ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုတဲ့ အဖြေကို ရှာဖွေကြည့်လိုက်တော့...

'ဒါတွင် အားလုံးက ဖန်ယင်ယွဲ့ကြောင့်...သူသာ ငါ ပြောသလို လုပ်ခဲ့ရမှာ...သူက ငါ့အစီစဉ်တွေကို ဖျက်စီးတဲ့အပြင် ငါ့လူတွေကိုလဲ ခိုးသွားသေးတယ် အားလုံး သူအမှားတွေ... သူသာ မရှိခဲ့ရင် အားလုံး အဆင်ပြေနေပြီ'လို့ သူရဲ့အတွေးများဟာ သူရဲ့အပြစ်ကို မမြင်ပဲ ဖန်ယင်ယွဲ့ကိုသာ လွဲချပစ်လိုက်တော့သည်၊

"အကိုသွမ့်ကွေ့ကျီ... မို့ရီကို မပြောပါနဲ့...သူက ကျွန်တော် တီးတဲ့ တယော သံစဉ်ကို နားထောင်ချင်နေတာလေ...ဒါကြောင့်...ကျွန်တော်...တယောပဲ ရွေးလိုက်ပါတော့မယ်..."လို့ ယင်ယွဲ့ဟာ ကျန်းကျန့်သိုက်ရင်ခွင်ထဲကနေ ယိုင်နဲ့နဲ့လေး ထလိုက်ပြီး သူ့သူငယ်ချင်းကို ဆူပူမှုပေါ် မကြိုက်ကြောင်းပြောလိုက်သည်၊

Zhao Wen Xuan(System)Where stories live. Discover now