Arc.8.5(Vampireရဲ့ကြင်ယာတော်)

14.1K 2K 51
                                    


Zawgyi

သူရဲ့လက်မောင်းနှစ်ဖက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး နီရဲနေတဲ့မျက်ဝန်းများနဲ့ သူ့အားကြည့်ရင်း...

"ဘယ်သူလည်း မင်းချစ်သူက ခုနကကောင်လား! ဒါမှမဟုတ် နက်စ်ဆိုတဲ့ကောင်လား"

'ငါ့ချစ်သူက မင်းဟ ၊ဟုတ်ပြီလား ဇာတ်လိုက်မရာဒီရယ်ကို ဖွန်ကြောင်တဲ့ Vampire နှာဘူးကောင်းဆိုတဲ့မင်း ' စိတ်ထဲမှာ မကျေမနပ်ပြောလိုက်ပေမယ့် ခရစ်ချက်စ်လက်ကို ဖယ်လိုက်ပြီး

"မင်းနဲ့ဆိုင်လား ဒီမှာ မင်းဘာသာမင်း ငါက မင်းရဲ့ကြင်ယာတော်လို့ သတ်မှတ်လိုက်တာ...ဟက် ငါလက်ခံမယ်ထင်နေလား" ခရစ်ချက်ရဲ့ပခုံးကိုတိုက်လိုက်သွားပြီး ထွက်သွားခါနီး ခြေစုံတချက်ရပ်ကာ

"ပြီးတော့ ငါက မျှစားရတာ မကြိုက်ဘူး"

"မင်း ဘာကိုပြောချင်တာလဲ မစ်လ်" လျင်မြန်တဲ့အရှိန်နဲ့သူရှေ့ပိတ်ရပ်လိုက်တဲ့သူကြောင့် မကျေမနပ်ဖြစ်သွားသည်၊မစ်လ်ရဲ့အရပ်က 185cmလောက်ရှိပြီး Hunterဖြစ်တာကြောင့် ခန္ဓာကိုယ်တောင့်ဖြောက်သည်၊ဒါပေမယ့် သူရှေ့က ခရစ်ချက်စ်က... သူ့ထက်ခေါင်းတလုံးလောက်မြင့်နေပြီး ရင်အုပ်ကျယ်ကျယ်နဲ modelတစ်ယောက်လိုအချိုးကျသည့် ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားသည်၊ စီစဉ်သူချင်းတူတာတောင် လောကကြီးက တကယ်မမျှတဘူးပဲ၊

"ဟုတ်ပြီ ပွင့်ပွင့်လင်းလင်းပြောကျတာပေါ့ ဒီရက်ပိုင်း မင်း မရာဒီရယ်နဲ့သွားသွားတွေ့နေတယ်မလား"

"ဟုတ်တယ်... ကိုယ် သွားတွေ့တာက..."

"တွေ့တာက တွေ့တာပဲ အကြောင်းပြချက်မလိုဘူး သူနဲ့တွေ့ရဲ့သားနဲ့ ငါ့ကိုပါ ကြင်ယာတော်အနေနဲ့သိမ်းပိုက်ချင်နေတာ မင်းမလွန်ဘူးလား"

" မင်း အထင်လွဲနေတာ... ကိုယ်နဲ့ မရာဒီရယ်က ရိုးရိုးသားသားမိတ်ဆွေတွေပါ"

"ငါ မရာဒီရယ်ကို မုန်းတယ် မရာဒီရယ်နဲ့ပတ်သတ်သူအားလုံးကို မုန်းတယ်" 'ခင်ဗျား အပါအဝင်ပေါ့'ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်ပြီး ခရစ်ချက်စ်ကို တွန်းဖယ်လိုက်ပြီး ထွက်သွားလိုက်သည်၊ သူချစ်သူကို သူမမုန်းပေ၊ဒါပေမယ့် ပုံရိပ်ယောင်ကမ္ဘာတွေရဲ့အဆင့်သတ်မှတ်နူန်းမြင့်လာလေလေ မူလပိုင်ရှင်ရဲ့ခံစားချက်တွေပါ ထိန်းချက်ရခက်လာလေဖြစ်သည်၊ဒါကြောင့် ကျောက်ဝမ်ရွှမ်လည်း မစ်လ်နဲ့အတူ မရာဒီရယ်ကို မုန်းတီးနေခြင်းဖြစ်သည်၊သူချစ်ရတဲ့သူကိုတောင် မငှဲ့နိုင်ပဲ၊ တကယ်လို့ မရာဒီရယ်ကိုသာမြင်ရင် သူရဲ့သတ်ဖြတ်ချင်စိတ်တွေကို မထိန်းချုပ်နိုင်မှာ စိုးရိမ်မိသည်၊

Zhao Wen Xuan(System)Where stories live. Discover now