Arc-12.11(Little Lover)

2.3K 304 16
                                    

Zawgyi

ဝမ်ချင်ရှန်ဟာ ကျန်းလော့ရဲ့ယာဉ်ထဲမှာ တိတ်ဆိတ်စွာနေရင်း ကျန်းလော့ကိုအကဲခတ်နေတော့သည်၊ လုရန်ဖုန်းနဲ့ကျန်းလော့ဆီမှာ သူ့ရဲ့ချစ်သူစိတ်ဝိညာဉ်များရှိပေမယ့် နှစ်ယောက်လုံးရဲ့အပြုအမူကတော့ ကွာခြားလှသည်၊

လုရန်ဖုန်းက တက်ကြွပြီးတော့ ဖော်ရွေပေမယ့် ကျန်းလော့ကတော့ တိတ်ဆိတ်ပြီး အေးစက်လှသည်၊ဒါပေမယ့် သူတို့နှစ်ဦးရဲ့အကြည့်တွေမှာ အဓိပ္ပါယ်မျိုးစုံရှိနေပြီး သူတို့ဆီမှာလူတိုင်း ဦးညွှတ်လာစေနိုင်တဲ့အရှိန်အဝါနဲ့အာဏာရှိသည်၊

"ကျွန်တော်တို့ ဘယ်သွားနေတာလဲ"ဝမ်ချင်ရှန်က သက်သောင့်သက်သာနဲ့လှဲလို့ရတဲ့တစ်ယောက်အိတ်ကုတင်အရွယ်အစားရှိတဲ့ဆိုဖာပေါ်မှာထိုင်ရင်းမေးလိုက်တော့ ကျန်းလော့ကလည်း သူ့ဘေးကိုပူးပူးကပ်ကပ်နဲ့လာထိုင်ရင်း ပြန်ဖြေလာတော့သည်၊

"ကိုယ်နေထိုင်တဲ့နန်းတော်ကိုပေါ့..."

မိုဟွာနယ်မြေထဲကိုလား၊ဝမ်ချင်ရှန်က နူတ်ခမ်းများဖွင့်ဟသွားပြီး မေးခွန်းများမေးချင်ပေမယ့် သူ့ပခုံးပေါ်မှီလာတဲ့ကျန်းလော့ရဲ့ခေါင်းကြောင့် ခါးမတ်သွားပြီး သူက မသိမသာ​လေးစွေကြည့်လိုက်တော့ ကျန်းလော့က သူ့ပခုံးပေါ်မှာ ခေါင်းစောင်းကာမျက်လုံးမှိတ်အနားယူနေတော့သည်၊

"ခင်ဗျား... အိပ်ပျော်သွားတာလား"

"နည်းနည်းပင်ပန်းနေလို့လေ...ကိုယ် ခဏနားမယ်နော်"

"အာ ကျွန်တော့်နှလုံးသားထဲမှာလား ကျွန်တော့်ရင်ခွင်ထဲမှာလား" ဝမ်ချင်ရှန်က ရွှတ်နောက်နောက်လေးပြောလာချိန်မှာ တစ်ဖက်လူရဲ့မျက်လုံးများက ပြန်ဖွင့်လာပြီး သူက ဆိုဖာပေါ် ဝမ်ချင်ရှန်ကို တွန်းချလိုက်ပြီး အပေါ်က​နေအုပ်စိုးလိုက်သည်၊

"စဉ်းစားကြည့်တာပေါ့" ကျန်းလော့က ပြုံးလိုက်တဲ့အချိန်မှာ ဝမ်ချင်ရှန်က နှာခေါင်းသွေးပင်လျှံချင်သွားတော့သည်၊

'အရမ်းချောတယ်၊ရူးလောက်အောက်ချောတယ်'

ကျန်းလော့က သူ့ကို ငမ်းမောနေ​ပြီးတောက်ပတဲ့မျက်လုံးဝိုင်းလေးကိုငေးမောကြည့်ရင်း ပါးလေးကိုနမ်းလိုက်သည်၊ထို့နောက်မှာတော့ နူတ်ခမ်းလေးကို ဖွဖွလေးနမ်းလိုက်ပြီး လည်ပင်းကိုလည်း နမ်းလိုက်သည်၊

Zhao Wen Xuan(System)Where stories live. Discover now