Arc-12.14(my little lover)

2K 220 18
                                    

Zawgyi

ကျောင်းဂိတ်ဝမှာတော့ ယာဉ်များက တစ်စီးပြီး တစ်စီးဆင်းလိုက် ထွက်သွားလိုက်နဲ့အလွန်ရှုပ်နေပြီးနောက်မှာ ယာဉ်တစ်စီးက ဆင်းသက်လာတော့သည်၊

"ဒါက ထန်ရာလ်ပထမမင်းသားရဲ့ယာဉ်ပဲ" တချို့သောကျောင်းသား/သူလေးတွေရဲ့ပါးပြင်များက ပန်းရိပ်များသန်းသွားတော့သည်၊ဒါပေါ့ ဘယ်သူမဆို ခန့်ညားချောမောတဲ့သူတွေကို သဘောကျတာပဲ၊ ပြီးတော့ ပထမမင်းသားလုရန်ဖုန်းက ဆက်ခံသူနေရာကိုဝင်မပါတာတောင် လျာထားခံရတဲ့အထဲမှာ အမြဲပါဝင်နေပြီး ရုပ်ရည်ကြည့်ကောင်းလွန်းပြီး အရည်အချင်းရှိတဲ့သူလည်းဖြစ်သည်၊

ယာဉ်ရဲ့တံခါးက ပွင့်လာပြီးနောက်မှာ လူတိုင်းက လုရန်ဖုန်းက တစ်ယောက်တည်း လာတာမဟုတ်တာကို သတိထားမိသွားသည်၊

"ဒါက..."

"ဒါက ဝမ်ချင်ရှန်မလား...နေဦး သူရဲ့ဖယ်ရိုမုန်းက ဘာလို့ထူးဆန်းနေတာလဲ" တချို့သောကျစ်ယန်မျိုးနွယ်များက လေထဲကို နှာတရှုံ့ရှုံ့နဲ့ရှူရင်း ပြောလိုက်သည်၊

"ဘယ်လိုမျိုး..."

"ဒါက ပင်လယ်ရနံ့လိုပဲ...၊ပြီးတော့ ကြာပန်းရနံ့သင်းသင်းတောင်ပါသေးတယ် အတော်ကိုနှစ်လိုဖွယ်ကောင်းတဲ့ရနံ့ပဲ" ဘေးမှာ ခွေးနားရွက်ထွက်ပေါ်လာကာ လေထဲကိုနှာတရှုံ့ရှုံ့နဲ့အနံခံကာ ပြောနေတဲ့ ခွေးမျိုးနွယ်ကိုပြောရင်း ဘေးနားလူတွေက ရယ်လာတော့သည်၊

"မင်းပုံစံက တဏှာရူးနဲ့တောင် တူနေပြီ ဟားဟား"

"ဒါက ငါက ခွေးမျိုးနွယ်ဖြစ်နေလို့လေ...မင်းတို့လို နှာပိတ်နေတဲ့ကောင်တွေကတော့ ဘယ်နားလည်မလဲ" ခွေးနားရွက်များနဲ့ကျောင်းသားက မကျေမချမ်းအမူအရာဖြင့်​ပြောလိုက်သည်၊

"နေပါဦး ဝမ်ချင်ရှန်က ငှက်မျိုးစိတ်မဟုတ်ဘူးလား"

"ငှက်...မဖြစ်နိုင်ပါဘူး သူ့ပုံစံကြည့်ရတာ ငှက်မျိုးနွယ်နဲ့တူနေတာလည်းမရှိဘူး"

"ငါတော့ အတွေးတစ်ခုဝင်လာပေမယ့် အဲအတွေးကို ပြန်ဖျောက်လိုက်ရတယ်"

"ဘာအတွေးလဲ"

"ဝမ်ချင်ရှန်ရဲ့လက်ရှိပုံစံရယ်၊သူရဲ့ဖယ်ရိုမုန်းဖြစ်တဲ့ပင်လယ်ရနံ့က...ပျောက်ကွယ်သွားတဲ့မန်မျိုးနွယ်နဲ့တူတယ်မထင်ဘူးလား..."

Zhao Wen Xuan(System)Where stories live. Discover now