Zaw gyi
"ပြောလေ မို့ရီ"
"အင်း... ငါ..."
ဝမ်မို့ရီ ပါးစပ်ဟလိုက်ပေမယ့် ဘာပြောရမလဲ မသိဘူး ဖြစ်သွားသည်၊ အခုချိန်မှာ ဖန်ယင်ယွဲ့က သူအပေါ် အရင်လို မဆက်ဆံတော့ဘူး...ဆေးရုံက ကိစ္စကြောင့်များလား..."ငါ ဆေးရုံတုန်းက ပြောလိုက်တဲ့စကားကို ဗွေမယူပါနဲ့နော်၊ ငါက မင်းအပေါ် အကိုကျီက စိတ်ဆိုးမှာ စိုးလို့ ပြောမိလိုက်တာပါ...ငါ စိတ်ထဲက မပါပါဘူး... မင်း အဲ့ကိစ္စကြောင့် ငါ့ကို စိတ်ဆိုးနေတာလားဟင်" ဝမ်မို့ရီက သူရဲ့ လက်နက်တမျိုးဖြစ်တဲ့ မျက်ဝန်းကို မျက်ရည်လေး ဝဲစွာ ရှင်းပြလိုက်သည်၊
ဒါပေမယ့် အရင်ဖန်ယင်ယွဲ့ အပေါ်သာ သက်ရောက်ပေမယ့် လက်ရှိ ဖန်ယင်ယွဲ့အပေါ် ထိုအရာက မသက်ရောက်ပေ။
'လင်စိတ်သားစိတ်ပါ ကုန်တယ်...ဘယ်အကောင်က သူ အဲ့လို လုပ်တာနဲ့ သူကို ခွင့်လွှတ်တယ်လို့ ပြောထားလို့လဲ!'
"ကိစ္စမရှိဘူး မင်း အဲ့နေ့က ကားယူသွားတဲ့သူပဲ မင်းသာ အစထဲက အမှန် ပြောခဲ့ရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး"
ဝမ်မို့ရီ မျက်နှာမှာ အနည်းငယ် စိတ်ပျက်သွားပေမယ့် ဟန်ဆောင်ပြုံးလိုက်ကာ"ဒါပေမယ့် ယင်ယွဲ့ မင်း အရင်လိုပဲ မသိချင်ယောင်ဆောင်လိုက်တာ မဟုတ်ဘူး မင်းက ဖန်ကုမ္ပဏီရဲ့ အချစ်ဆုံး သားငယ်လေးပဲလေ မင်းကို ဘယ်သူက ပြသာနာ ရှာမှာလဲ "
"ဘာ! မင်း ဘယ်လိုပြောလိုက်တာလဲ အရင်က ကိစ္စတွေကြောင့် ငါက နာမည်ဆိုးတောင် တွင်နေပြီ ပြီးတော့ အကိုသွမ့်ကွေ့ကျီဆိုတာ ဘယ်လိုလူမျိုးလဲ သိရဲ့လား ဒီနိုင်ငံတွေမှာ မက နိုင်ငံခြားထိ သွမ့် မျိုးနွယ်ရဲ့ နာမည်က တွင်ကျယ်ပြီးသား အစိုးရတောင် သူတို့ကို ထိခိုက်အောင်လုပ်ဖို့ နှစ်ခါတောင် စဉ်းစားရတယ် နားလည်လား အကိုသွမ့်ကွေ့ကျီ က သွမ့်မျိုးနွယ်ရဲ့ ကိုယ်စားပြုပဲ တကယ်လို့ ဒီကိစ္စကို အရင်လိုထားလိုက်ရင် သွမ့်မိသားစုက ငါတို့ ဖန်မိသားစုကို ဒီအတိုင်း ခွင့်လွှတ်ပေးမယ် ထင်လား! မင်းက ပေါ့ပေါတန်တန်တွေးတာပဲလား ငါတို့ မိသားစုကို ဒုက္ခ ရောက်အောင် လုပ်နေတာလား ဝမ်မို့ရီ" ဖန်ယင်ယွဲ့ရဲ့ လေသံမာမာကြောင့် ဝမ်မို့ရီ တုန်လှုပ်သွားသည်
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...