Arc-3.2(ဇိန်း နီကိုးလ်လက်စ်)

20.1K 2.2K 27
                                    

Zawgyi

သူတို လှည့်ကြည့်လိုက်တော့ အသက် ဆယ့်ခြောက်နှစ်အရွယ် ရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အဖြူရောင် လေးတစ်လက်ကို ကိုင်ကာ သူတို့နား ​လျှောက်လာတော့သည်၊ ထိုကောင်လေး၏ ငွေရောင်ဆံပင်လေးများသည် နေရောင်အောက်မှာ ပိုမိုတောက်ပနေကာ အရည်အသွေးမြင့်မားသည့်ငွေရောင်သတ္ထုလိုပင်၊ဒါ့ပြင် လူငယ်လေးရဲ့ အပြာရောင် မျက်ဝန်း​တောက်တောက်လေးတွေဟာ ကန်​ရေပြင်လိုတည်ငြိမ်နေကာ အင်နိယားတွေဟာ လူငယ်လေးကို တုန်လှုပ်နိုင်စွမ်းမရှိချေ၊နှာတံစင်းစင်းလေးရယ် ပန်းရောင်နူတ်ခမ်းပါးလေးဟာ အလွန်ကို လိုက်ဖက်ညီလွန်းသည်၊ထိုနူတ်ခမ်းပါး​လေးဟာ အနည်းငယ်ပြုံးယောင်သန်းသွားသည့်ချိန်မှာ ကြည့်ရှုနေသည့်သူအားလုံး နှလုံးများရပ်တန့်သွားသယောင်ပင်၊အာ... တကယ်ကိုပင် ဒီအစိမ်းရောင်သွေးများဖြင့် ညစ်ပတ်ပေကျံနေသည့်နေရာဟာ လူငယ်လေးနဲ့မအပ်စက်သည်ဟုပင် ခံစားနေရသည်၊လတ်တ​လောကမှ လူငယ်လေးဟာ တစ်ယောက်ထဲ အင်နိယားတွေကို သတ်သွားသည်ကို မေ့ပြီးတော့​ပေါ့၊

"ငါက လက်စ်"ခုနက အဆင့်၆အင်နိယား ကို ထိန်းပေးနေတဲ့သူဖြစ်ပြီး အနည်းငယ်ရဲရင့်ဟန်ရှိကာ သူဟာ စတင်ကာ မိတ်ဆက်လိုက်သည်၊ထို​နောက် အခြားသူတွေဘက်ကို ညွှန်ပြပြီး ဖော်ဖော်ရွေရွေနဲ့ပင် မိတ်ဆက်ပေးလိုက်သည်၊သူတို့အနေနဲ့ ထိုသူစိမ်းကောင်လေးကို ဘာမှမလုပ်ရဲတာကြောင့် မိတ်ဆွေတွေမဖြစ်နိုင်ရင်တောင် ရန်သူမဖြစ်မိရန်ကြိုးစားရလိမ့်မည်၊

"လက်တဖက်ပြတ်သွားတဲ့သူက ရင့်၊သူဘေးက ကုသရေးစွမ်းရည်နဲ့မိန်းက​လေးက အိုင်းရှ ပြီးတော့ ဒီသေနတ်ကိုင်ထားတဲ့တစ်ယောက်က ကယ်လီ ဒီလူဝကြီးကတော့ ဘရက် ငါတို့က ရေအဖွဲ့အစည်းက မင်းကကော.."

"ငါက ဇိန်း၊ ငါက တကိုယ်တော်သမားပဲ"လို့ပြောကာ ရင့်ဆိုသည့် လက်တစ်ဖက်ပြတ်​နေသည့်လူရဲ့ရှေ့ကို သွားကာ ဒူးတဖက်ထောက်လိုက်ပြီး ဒဏ်ရာရနေသည့်လက်အရင်းပိုင်းပေါ် သူရဲ့လက်တဖက်တင်လိုက်ပြီး သူရဲ့လက်က​နေ အစိမ်း​ရောင်အလင်းများကို ရွှေရောင်အလင်းဝန်းရံထားသည့် ကုသ​ရေးစွမ်းအင်များထွက်​ပေါ်လာပြီး ထို​သွေးစက်လက်ကျ​နေသည့် လက်ပြတ်ထဲကနေ တဖြည်းဖြည်း အသားမျှင်များ၊​သွေး​ကြောများ၊​နောက်ဆုံးအ​ရေပြားအသစ်များဖြစ်​ပေါ်လာကာ နောက်ဆုံး ဂျိုးရဲ့လက်တဖက် ပြန်လည်ပေါ်ထွက်လာတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now