Zawgyiပိုင်ကုဖန်း ဘုရင့်နန်းဆောင်ကနေ ထွက်ခွာပြီးနောက်မှာ သူနေရန်စီမံပေးထားသည့် အဆောင်ဘက်ကို ပြန်လျှောက်လာခဲ့သည်၊ မင်တိုင်းပြည်ဟာ ထန်တိုင်းပြည်နဲ့ကွာခြားစွာ တကယ့်ကိုကြီးမားခမ်းနားရုံသည်သာမက နန်းတော်သည်လည်း မြို့ငယ်လေးတစ်မြို့ရဲ့အကျယ်အဝန်းလောက်ရှိသည်၊
နေဝင်ချိန်မတန်သေးတာကြောင့် လေကောင်းလေသန့်ခံရင်း အေးဆေးလမ်းလျှောက်နေရင်း...
"စစ်သူကြီးပိုင်!" အနောက်ကနေ အမျိုးသားတစ်ယောက်ရဲ့ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ညီလာခံမှာတွေ့ခဲ့သည့် ဖုန်းဝေ့လျောင်ဆိုသည့် ဆေးဆရာ ပြီးတော့ ဒီကမ္ဘာရဲ့သားတော်တွေထဲက တစ်ယောက်၊ ပိုင်ကုဖန်းဟာ ပြုံးရယ်ပြခြင်းတော့မရှိဘဲ အနည်းငယ်ရိုသေပေးလိုက်ကာ
"လက်ထောက်သမားတော်ဖုန်း ဒီစစ်သူကြီးကို ဘာအကြောင်းများပြောစရာရှိလို့လဲ"လို့ မေးလိုက်တော့ ဖုန်းဝေ့လျောင်ရဲ့မျက်နှာအမူအရာဟာအနည်းငယ် ပျက်ယွင်းသွားပေမယ့် ချက်ချင်းဖုံးကွယ်ကာ ကြင်နာတတ်သည့်လူတစ်ယောက်ပုံစံဖြင့်
"စစ်သူကြီးပိုင်က မေ့မျောနေတာ တစ်လလောက်နီးပါးရှိပြီဆိုတော့ အာဟာရချို့တဲ့နေလောက်တယ်လေ၊ဒါကြောင့် ဝေ့လျောင် ဆေးစပ်ပေးထားတဲ့ အားဖြည့်ဆေးလုံးအချို့ လက်ဆောင်ပေးကမ်းချင်လို့ပါ"လို့ ပြောလိုက်ရင်း သူရဲ့လက်အင်္ကျီထဲကနေ နှိုက်ကာ သေချာထုပ်ပိုးထားသည် ဆေးထုပ်အချို့ကို ကမ်းပေးလိုက်ပေမယ့် ပိုင်ကုဖန်းရဲ့လက်ဟာ မလှမ်းလာတာကြောင့် သူ့စိတ်ထဲအနည်းငယ်ထိတ်လန့်သွားမိသည်၊သူရိပ်မိနေတာလား? မဖြစ်နိုင်တာ၊ပိုင်ကုဖန်းက ဘယ်လောက်တုံးအသည်လည်းဆိုတာ သူသိသည်၊
"လက်ထောက်သမားတော်ဖုန်းရဲ့စေတနာကို ဒီစစ်သူကြီးနားလည်ပါတယ် ဒါပေမယ့် လက်ဆောင်ပစ္စည်းကိုတော့ လက်မခံပါရစေနဲ့ ခွင့်ပြုပါဦး" လို့ ပြောကာ နူတ်ဆက်ကာ ထွက်သွားတော့သည်၊ဖုန်းဝေ့လျောင်တစ်ယောက်က ဒေါသထွက်စွာကျန်ရစ်ခဲ့ခြင်းဖြစ်သည်၊
ဒီဆေးလုံးတွင်ထဲမှာ စိတ်ကို ကယောက်ကယက်ဖြစ်ချင်နိုင်သည့် ခရမ်းရောင်ပန်းကို ကြိတ်ကာရလာသည့်အမှုန့်နဲ့ရောကာ ဆေးလုံးလုပ်ထားတာကြောင့် သာမန်အာဟာရဓာတ်ဖြည့်ဆေးလုံးအဖြင့်သာ မြင်နိုင်သည်၊ထိုဆေးလုံးကို တစ်လလောက်စွဲသောက်ပြီးနောက်မှာ ထိုသူဟာ စိတ်တွေ ကယောက်ကယက်ဖြစ်ကာ နောက်ဆုံးကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတတ်သည်၊ထိုခရမ်းရောင်ပန်းဟာလည်း ဒီလောကမှာမရှိဘဲ သူရဲ့စိတ်စွမ်းအင်နယ်မြေအတွင်း၌သာ ရှိခြင်းဖြစ်သည်၊
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...