Zawgyi
ဖန်ယင်ယွဲ့ လူနာဝတ်စုံကိုတောင် မလဲနိုင်ပဲ ဝမ်မို့ရီတို့ တရားရင်ဆိုင်ရာ ရုံးတော်ကို အလျင်မှီ သွားရောက်တော့သည်၊ သူရောက်ရှိတော့ အမှုပင်စစ်ဆေးနေသည်ပြီ ဖြစ်သည်၊
သက်သေတွေက သေချာပေမဲ့ အချို့ကိစ္စများကြောင့် ဝမ်မို့ရီရဲ့ ထောင်ကျမည့် သက်တမ်းနှစ်က လျော့သွားနိုင်သည်၊ အရင်ဘဝက ဖန်ယင်ယွဲ့ရဲ့ဘဝကို ဖျက်စီးခဲ့သောသူကို ထိုသို့ အလွယ်တကူ ခွင့်မလွှတ်နိုင်ပေ၊ ကျန်းကျန့်သိုက်က အကုန်လုံး စီစဉ်ထားပေမယ့် ဝမ်မို့ရီ ကိုယ်တိုင် မီးတောထဲ တိုးဝင်သည့် ပိုးဖလံတစ်ကောင်ဖြစ်သွားရမည်။
'Skyရေ... ဝမ်မို့ရီပေါ် စိတ်လွတ်ပြီး အမှန်တရားပြောတဲ့ဆေး ဖြုန်းပေးပါ '
[Sky: ခဏ ကောင်းပြီ... ပြီးတော့ မင်း စုံစမ်းခိုင်းတဲ့ ဖန်တုန် ကိစ္စကို စုံစမ်းတာ ငါ ရပ်လိုက်ပြီ ဘာလို့လဲဆိုတော့ ကျန်းကျန့်သိုကိက အကုန်လုံးကို ဖွင့်ပြပေးပြီးပြီ ဒါကြောင့် အဲ့pointsတွေကို ငါရဲ့ ဆေးပညာ မှာ update တင်လိုက်ပြီ] ဆိုလိုချင်တာက ငါဆီ ရးပြီးသားပြန်မပေးနိုင်ဘူးဆိုသည့် အဓိပ္ပာယ်ပင်၊
'အမ်...' မင်းက ဘယ်လိုတောင် အကျိုးအမြတ်ယူတာလဲ အဲ့အမှတ်တွင် ငါ့ကို ပြန်ပေးလို့ရတာကို မင်းက တကယ် ချစ်တီးနတ်သူငယ်ပဲ
[Sky:ဒါ ငါတို့ နှစ်ယောက်လုံးရဲ့ အကျိုးအတွက်ပဲလေ ဘာမှ စိတ်ထဲ အတင်းပြောမနေနဲ့]လို့ Skyဟာ ပခုံးတွန့်ကာပြောလိုက်သည်၊
လူနာဝတ်စုံနဲ့ ဖန်ယင်ယွဲ့ဝင်လာတော့ အကုန်လုံးလဲ အံ့သြသင့်ကုန်တော့သည်၊ ပြေးလာမှန်းသိသာပြီး မေးရိုးဖျားလေးကနေတဆင့် ချွေးစက်လေးများ ကျနေပြီး ရွှေရောင်ဆံပင်ဖျားတို့သည် ချွေးများကြောင့် စိုစွတ်နေသည်၊ ပန်းနုရောင် နူတ်ခမ်းဖူးလေးသည်လည်း မောပန်းနေသောကြောင့် ဟစိဟစိ ဖြစ်နေလျက် ကောင်းကင်ရောင်ကဲ့သို့ ကြည်လင်ပြီးတောက်ပနေသော မျက်ဝန်းများသည် မျက်ရည်များကြောင့် ပိုမိုတောက်ပနေသယောင်၊
တရားခံကိုထားထားသည့်စင်နားထိ ပြေးဝင်လာသော ဖန်ယင်ယွဲ့ကြောင့် အားလုံးလည်း ထပ်မံအံ့အားသင့်ကုန်ကျတော့သည်၊
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...