စာလုံးပေါင်းအမှားပါရင် ဖြည့်ဖတ်ပေးပါ(စစ်ရမှာ ပျင်းလို့ပါ)ဗျZawgyi
"တူနိုင်ငံ အမိန့်နာခံစေ ဒီနေ့ကစပြီး တူနိုင်ငံရဲ့ အိမ်ရှေ့မင်းသားဟာ ကိုင်လန် နိုစ်ခရစ်ဒီး နဲ့ ပူပေါင်းကာ ခေါင်းဆောင်နေရာကို ကြံစည်ခြင်း၊အရှင်ကို နူတ်နဲ့စော်ကားခြင်းကြောင့် တူနိုင်ငံကို ဌာနချုပ်ဟာ ပြစ်ဒဏ်အနေနဲ့ဖြင့် ဒီနေ့ ဒီချိန်ကနေစပြီး ကာကွယ်တော့မည် မဟုတ်ပေ၊ အိမ်ရှေ့စံ ဂျက် စကိုင်းရက် ဟာ ဌာနချုပ်က လူမဟုတ်တာကြောင့် ဘာအပြစ်ဒဏ်မှ ပေးမည်မဟုတ်ချေ၊ ပြီးတော့ ကိုင်လန် နိုစ်ခရစ်ဒီး သူဟာ ဒီအမှုတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့အပြင် အခြားအဖွဲ့အစည်းက လူနဲ့ပင် ပူပေါင်းခဲ့သေးတယ်၊ ဒါကြောင့် သူရဲ့ မှော်စွမ်းအင်များကို ထာဝရပိတ်နှောင်ပြီး နယ်မြေဒဏ်ပေးလိုက်ပြီ ကိုင်လန် နိုစ်ခရစ်ဒီး ဟာ ဌာနချုပ်နဲ့ မဆိုင်တော့ပေ၊သူနဲ့ပတ်သတ်သည့် ကိစ္စတွေအကုန် အရှင်ဟာ ထပ်မံတာဝန်ယူမည် မဟုတ်ပေ. အစောင့်တွေ လုပ်စရာရှိတာ ဆက်လုပ်ကျ" လော့ဟာ ပြောလို့ပြီးစီးကာနဲ့ အရှင်နားကို ရောက်သွားကာ အရှင်ရဲ့ ချီးကျူးမှုကို ခံယူရန် စောင့်မျှော်နေတော့သည်၊
အီသန်ဟာ စိတ်ပင်မဝင်စားပေ၊သူဟာ အော်ဟစ်နေသော ကိုင်လန်တို့အဖွဲ့ကော ပရိတ်သတ်တွေကော သူလူတွေကိုကော မျက်စိထဲမမြင်ပေ၊ သူဟာ အနက်ရောင်နဂါးကို ပုခုံးထက်တွင် တင်ထားသော သြမက်နားကို အပြေးလေးသွားကာ...
"ပြီးသွားပြီလေ...သွားမယ်""အရှင့် သဘောပါပဲ"သြမက်ဟာ အီသန်ကို မြတ်နိုးစွာကြည့်ရင်း ပြောလိုက်သည်၊ထိုနောက် အနက်ရောင်နဂါးဖြင့်သူတို့ဟာ ထွက်သွားကျတော့သည်၊ ကိုင်လန် နိုစ်ခရစ်ဒီး ဟာ လူအများကဲ့ရဲ့စရာ လူသားဖြစ်လာတော့သည်၊သူဟာ မှော်ပညာသုံးလို့မရတော့တာကြောင့် ဘယ်နေရာရာ ရောက်ရောက် အနိုင်ကျင့်ခံရတော့သည်၊ သူဟာ အရင်ဘဝက အီသန်ထက်ပင် ဆိုးဝါးသေးသည်၊ အန်းရဲ့ဌာနက လူတွေဟာ သူကို လိုက်လံရှာဖွေ ဖမ်းဆီးနေတာကြောင့် သူမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်၊ နောက်ဆုံး မင်းသားမဟုတ်တော့တဲ့ ဂျက်နဲ့ ပြန်တွေ့ရာမှ ဂျက်ဟာ သူကို လိမ်လည်ခေါ်သွားကာ အန်းရဲ့ဌာနက လူတွေဆီ အပ်နှပ်ခံလိုက်ရတော့သည်၊ ကိုင်လန်ရဲ့ နေ့ရက်များဟာ ငရဲလိုပင်၊ သူဟာ သေချင်ပေမယ့် သေလို့မရပေ၊ သူဟာ အသက်မျော့မျော့လေးကျန်တဲအထိ အနှိပ်စက်ခံရကာ....
"အချိန်ကူးပြောင်းလာတဲ့ အခြားလူတွေကျ ကံကောင်းကျပြီး ဘာကြောင့် ငါပဲ ဒီလို ခံရတာလဲ....လောကကြီးက မတရားဘူး" ကိုင်လန်ဟာ သူရဲ့လောဘကြောင့် ဒုက္ခရောက်ခဲ့တာကို နောင်တမရပဲ သူကို ဒီကမ္ဘာကို ပို့လိုက်တဲ့သူကို အပြစ်ပင်တင်နေခဲ့သည်၊
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...