Arc-3.8(ဇိန်း နီကိုးလ်လက်စ်)

19K 2.1K 31
                                    

Zawgyi

ဇိန်း နီကိုးလ်လက်စ်ရဲ့ နာမည်က မြေအောက်ကမ္ဘာရဲ့အဖွဲ့အစည်း(ငါး)ဖွဲ့ကြားတွေ ပိုမိုကျော်ကြားလာသည်၊ သူဟာ ပထမဆုံးသော အင်နိယားတွေရဲ့ အားနည်းချက်များအပြင် ကမ္ဘာကြီးကို ကယ်တင်ဖို့ အဓိက ပစ်မှတ်ကိုလည်း ရှာဖွေတွေ့ရှိလာသူဖြစ်သည်၊ဇိန်းရဲ့ စွမ်းအင်ကို ဘယ်သူမှ မခန့်မှန်းနိုင်ချေ၊ ရွှေအဆင့်ကုသသူအပြင် ဇိန်းကို ရေခဲစွမ်းအားရှင်လို့လည်း သိရသည်၊ သူဟာ အဆင့်၁၁ အင်နိယားအ​ကောင်ကို တစ်ယောက်ထဲ တိုက်ခိုက်နိုင်သည်လို့လည်း ကောလဟာလတွေ ထွက်ပေါ်နေသည်၊သူဟာ အဖွဲ့အစည်း ငါးဖွဲ့ရှိ ခေါင်းဆောင်များထက် ပိုမို အစွမ်းထက်သူလို့လည်း ပျံ့နှံ့နေကျသည်၊ ဘာတွေပဲ ပြောကျပြောကျ အကုန်လုံးဟာ ဇိန်းရဲ့အဆင့်ကို King level ရောက်နေပြီလို့ ထင်ကြေးပေးနေကျတော့သည်၊

ဆန့်ကျင်ဘက်အနေနဲ့ လုခ် ချိရာနိုရဲ့ သတင်းများဟာ ဆိုးဝါးစွာထွက်ပေါ်လာတော့သည်၊လုခ်ဟာ သူရဲ့ စွမ်းအင် မြှင့်တင်ဖို့အတွက် သူအဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့သည့်အပြင်၊ အရင်ကပျက်စီးသွားသော City Aအုပ်ချုပ်သူရဲ့ လင်ငယ်လို့လည်းသိရသည်၊လုခ်ဟာ သူရဲ့အသက်အတွက် သူရဲ့ ငါးနှစ်အရွယ် ညီမလေးကိုလည်း အင်နိယားအ​ကောင်ကြီး​တွေကြားထဲ ပစ်ချခဲ့သည်ဟုလည်း သတင်းတွေထွက်ပေါ်လာသည်၊ဒီတခေါက် တာဝန်တွေလည်း သူဟာ သူအတွက်သူသာ ကြည့်ခဲ့တာကြောင့် ကျွမ်းကျင်တဲ့စွမ်းအားရှင် တော်တော်များများ သေဆုံးသွားခဲ့ပြီး သူအပြစ်ကို ဖုံးကွယ်ရန် ဇိန်းအား လွဲချအပြစ်ဖို့ကာ ပြသာနာ ရှာခဲ့သည်ဟု ဆိုကျသည်၊ ထိုအရာက ငြင်းလို့မရအောင် ဗီဒီယိုမှတ်တမ်းနှင့် ထွက်ပေါ်လာတော့သည်၊မှတ်တမ်းတင်သူဟာ သေဆုံးသွားပေမယ့် ထိုဗီဒီယို မှတ်တမ်းကို ဘယ်သူ ဖြန့်လိုက်မှန်း မသိကျပေ၊

အရင်က မြေအဖွဲ့အစည်းခေါင်းဆောင်ရဲ့နောက်ခံရှိတာကြောင့် လုခ်ရဲ့မောက်မာမှုတချို့နဲ့ အနိုင်ကျင့်မှုကိုခံခဲ့ရသူများဟာလည်း ကောလဟာလတိုင်းကို ပိုမိုချဲ့ထွင်ကာ ပြောလာကျတော့သည်၊ဒါ​ကြောင့် နောက်ခံကင်းမဲ့သွားသည့် လုခ်ဟာ စွမ်းအားရှင်တိုင်းရဲ့ပါးစပ်ထဲ လှောင်ရယ်ကဲ့ရဲ့စရာအဖြစ် ပေါ်လာပြီး စိတ်ဒုက္ခများကာ သောတရောက်နေတော့သည်၊သူဟာ နောက်ဆုံး စော်ကားမော်ကားမှုတွေ ကိုယ်ထိလိုက်ရောက်ထိပါးလာသည့်ချိန်မှာတော့ သည်းမခံနိုင်တော့ကာ မြေအောက်ကမ္ဘာကို စွန့်ခွာသွားတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now