Zawgyi
'အာ...ဒီကူးပြောင်းမှုက တကယ် နာကျင်တာပဲ..'
ကျောက်ဝမ်ရွှမ် စိတ်ထဲတွင် ညည်းနေမိသည်မျက်စိ ဖွင့်ကြည့်လိုက်တော့ အဖြူရောင်မျက်နှာကြပ်ကိုကြည့်ရင်း ဘယ်နေရာမှန်းသိလိုက်ရသည်။ သူ ဆေးရုံကို ဘာကြောင့် ရောက်နေတာလဲ သူခန္ဓာကိုယ်ကို စစ်ဆေးကြည့်တော့ ခြေလက်အဂါင်္ဘာဒဏ်ရာမှ မရှိပေ...ဒါပေမယ့် သူလက်မောင်း ပိုက်တန်းလန်းနဲ့ ဆေးသွင်းထားသည်၊သူရဲ့ ဗိုက်သည်လည်း အောင့်တန့်တန့် ဖြစ်နေသည်ကို ခံစားရသည်
'Sky ငါ ဘာဖြစ်ထားတာလဲ'
Sky[ခဏနေ သိရလိမ့်မယ်၊ ဝမ်ဝမ်ထဲ ဒီကမ္ဘာရဲ့မှတ်ဥာဏ်တွင်ထည့်သွင်းပြီးပြီ]
'အာ...ခုထိ မရောက်...အား...' ခေါင်းတခုလုံး လူတစ်ယောက် ဆွဲမြှောက်လိုက်သလို ခံစားရပြီး အပ်တွင်နဲ့ ထိုးသလို တဆစ်ဆစ် နာကျင်နေသည်..
သူ လက်ရှိ ကူးပြောင်းထားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့နာမည်က ဖန်ယင်ယွဲ့ ဖြစ်ပြီး ဖန်မိသားစုရဲ့ အငယ်ဆုံးသားဖြစ်သည်။
ဖန်မိသားစုသည် တရုတ်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝတဲ့စာရင်းတွင်ပါရှိပြီး
ဖန်သခင်ကြီးတွင် သားနှစ်ယောက် ရှိသည်။ဖန်ယင်ယွဲ့
သည် တအိမ်လုံးရဲ့ အချစ်တော် ဖြစ်ပြီး အရမ်း တုံးအလွန်းသည်။ဇာတ်လိုက်က သွမ့်ကွေ့ကျီ ဖြစ်ပြီး ကမ္ဘာ့အငယ်ဆုံး စီးပွားရေးသမားလည်း ဖြစ်သည်။နောက်ထပ်အဓိကဇာတ်ကောင်က ဝမ်မို့ရီဖြစ်ပြီး မျက်နှာ နှစ်ဖက်နဲ့ လက်ဖက်စိမ်းကောင် ဖြစ်သည်။
ဝမ်မို့ရီက သာမန် မိသားစုမှ ပေါက်ဖွားလာပြီး ချမ်းသာကြွယ်ဝမှုနဲ့ဂုဏ်ရည်တွေကို မက်မောသည်။ဒါကြောင့် သူက စာကြိုးစားကာ တရုတ်နိုင်ငံရဲ့ အကောင်းဆုံး တက္ကသိုလ်ကို တတ်ခွင့်ရခဲ့သည်။
ထိုနောက် တုံးအဟန်ရှိသော သူဌေးသားနဲ့ ခင်မင်ရင်နှီးချင်ယောင်ဆောင်ကာ တတ်လမ်း(ဖြတ်လမ်း)ရှာဖွေတော့သည်။ တုံးအသော သူဌေးသားလေးက သူရဲ့ပထမဆုံး သူငယ်ချင်း ဖြစ်သော ဝမ်မို့ရအား လူချမ်းသာများသာ သွားနိုင်သော ပါတီတို့ အခြားနေရာတွင် အမြဲ ခေါ်ဆောင်သွားသည်။ ပြသာနာရှာလွန်းသည့် ဝမ်မို့ရီရဲ့ ပြသာနာများကို ခေါင်းခံကာ ဖြေရှင်းရသူလေးလည်းဖြစ်သည်။
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...