Arc.6.9(Shunosuke Tadashi)

18.8K 2.2K 95
                                    


အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်

Zawgyi

"Tadashi!!!"
Kinoseဟာ ထွက်ပြေးသွားသော Tadashiနောက်ကို အမှီလိုက်ကာ လက်ကို လမ်းဆွဲပြီး နံရံဘက်ကိုကပ်ချလိုက်တော့သည်၊ Tadashiဟာ မျက်နှာတချက်မဲ့သွားပေမယ့် Kinoseလက်ထဲကနေ ရုန်းကန်းလိုက်ကာ..

"မင်းကို ငါမတွေ့ချုင်ဘူး!!" Kinoseကို မုန်းတီးတဲ့အကြည့်တချက်နဲ့ကြည့်လိုက်ပြီး ထွက်သွားဖို့ပြင်လိုက်ပေမယ့် ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ Kinoseဟာ
"မင်း ဒါတကယ်အထင်လွဲတာ ကိုယ်နဲ့ သူ ဘာမှ မပတ်သတ်ဘူး"

မယုံဘူးဆိုတဲ့အကြည့်နဲ့ မော့ကြည့်လိုက်ပေမယ့် Kinoseရဲ့ ချောမောခန့်ညားတဲ့ရုပ်ချောကနေတော့ ရုန်းမထွက်နိုင်ချေ၊ ၊ ဒီလူက ဘာလို့ဒီလောက်တောင် ချောနေရတာလဲ!!! အရမ်းခန့်ညားတာပဲ ၊ သူကို စိုးရိမ်ပြီး ကြည့်နေတဲ့မျက်လုံးက အစ၊အရပ်ကလည်း ရှည်သေးတယ်...ပြီးတော့ သူဆီရတဲ့ Alphaအနံ့ကလည်း မွှေးသေးတယ်.... နေပါဦး Alphaအချင်းချင်းက အနံ့ရတာနဲ့ ရန်လိုကျတယ်မဟုတ်ဘူး....ငါက သူmateဖြစ်နေလို့ မွှေးတယ်လို့ ထင်တာလား....

[Sky: အဟွတ်အဟွတ် သရုပ်ဆက်ဆောင်ပြီး အငမ်းလေးလျော့မယ်]

skyရဲ့အသံသေးအသံညှာကြောင့် သတိပြန်ဝင်ကာ Tadashiရဲ့မျက်နှာဟာ စတင်ရဲလာတော့သည်၊ Kinoseဟာ သူကိုကြည့်နေရင်း မျက်နှာတခုလုံး ရဲလာသော Tadashi ကို နားမလည်နိုင်ဖြစ်သွားသည်၊

"Tadashi မင်းနေမကောင်းဘူးလား" စိတ်ပူစွာဖြင့် Tadashiရဲ့ နှာဖူးလေးကို ဖိကပ်ကာ ကိုယ်ပူ စမ်းဖိုလုပ်လိုက်ပေမယ့် လမ်းတဝက်မှာပင် အရိုက်ချခံလိုက်ရသည်၊ Tadashiဟာ Kinoseအား ကြည့်ပြီး

"မင်းဘာသာ Natsukiနဲ့ ပတ်သတ်မှု ရှိမရှိ ငါစိတ်မဝင်စားဘူး! ငါလည်းAlpha မင်းလည်းAlphaပဲ ငါရဲ့ mateက omegaပဲ ဖြစ်ရမယ်"လို့ပြောကာ ထွက်ပြေးသွားတော့သည်၊

"မင်းရဲ့ mateက Omegaပဲဖြစ်ရမယ်. . ဟက် တကယ်လို့် မင်းသာ omegaဖြစ်လာခဲ့ရင်ကော.... မင်း ကိုယ့်ကို ဆက်ငြင်းနိုင်အုန်းမလား"
Kinoseဟာ Tadashiရဲ့ကျောပြင်လေးကို ကြည့်ကာ တခုခုကောက်ကျစ်တော့မဲ့အပြုံးနဲံပြုံးနေလိုက်သည်၊ပြီးနောက် Tadashi လက်နဲ့ ရိုက်လိုက်သော သူလက်ကို တချက်နမ်းလိုက်ပြီး ခုနက သူရင်ခွင်ထဲရောက်လာတဲ့အချိန်က ရတဲ့ ကြာပန်းအနံ့လေးကို ပြန်သတိရမိသွားသည်၊

Zhao Wen Xuan(System)Where stories live. Discover now