Arc-12.2(Little Lover)

4.6K 678 19
                                    

Zawgyi

ဝမ်ချင်ရှန်ဟာ သူ့မိဘတွေရဲ့ကာကွယ်မှုကြောင့် လောကကြီးအကြောင်း သိရှိနားလည်သူတစ်ယောက် မဟုတ်ပေ၊သူဟာ ရိုးရှင်းပြီး အနေအေးတဲ့လူငယ်လေးတစ်ဦးသာဖြစ်သည်၊ကျောက်ဝမ်ရွှမ်ဝင်ရောက်လာတဲ့အချိန်မှာတော့ ဝမ်ချင်ရှန်ရဲ့ပုံသဏ္ဍာန်ဟာပြောင်းလဲသွားတော့သည်၊

ထုံအအလူငယ်လေးကနေ ထက်မြက်သည့်အသွင်သို့ပြောင်းလဲသွားတာကြောင့် ဝမ်ချင်ရှန်ရဲ့ပုံစံဟာလည်း အရင်ကထက် ပိုမိုထူးခြားနေတော့သည်၊ရေညှိရောင်မျက်ဝန်းစိမ်းများဟာ အရင်ကထက် ပိုမိုတောက်ပနေကာ တစ်ဖက်လူရဲ့အတွင်းစိတ်ဝိညာဉ်တိုင်အောင် ဖောက်ထွင်းနိုင်တဲ့အထိပင်၊

အရှိန်အဝါပါ ပြောင်းလဲသွားတာကြောင့် ဝမ်ချင်ရှန် ကားထဲကနေ ထွက်လာသည်နဲ့ လူတိုင်းဟာ တစ်ခါကြည့်ရုံဖြင့် မလုံမလောက်ဖြစ်နေကျတော့သည်၊သူတို့ဟာ ဒီတမူထူးခြားတဲ့အလှပိုင်ရှင်အမျိုးသားလေးအလှမှာ အပြုအစားခံနေရတော့သည်၊

ဝမ်ချင်ရှန်ရောက်လာတဲ့နေရာကတော့ စီမံခန့်ခွဲရေးငှါနပင်၊အရင်ကတော့ ထန်ရာလ်မျိုးနွယ်ကို အထင်ကြီးမိပြီး ဝမ်ချင်ရှန်က ထန်ရာလ်မျိုးနွယ်ရဲ့စောင့်ရှောက်မှုကို ယူခဲ့ခြင်းဖြစ်ပေမယ့် ဒီတစ်ခါတော့မဟုတ်တော့ပေ၊တူညီသည့်အချက်ကတော့ ဝမ်ချင်ရှန်က သူရဲ့စွမ်းအင်ကို ဖုံးကွယ်ထားအုံးမှာပင်၊

စီမံခန့်ခွဲသည့်နေရာရောက်ချိန်မှာတော့ ဝမ်ချင်ချန်က သူရဲ့အိတ်ထဲကနေ စာရွက်စာတမ်းတစ်ရွက်ကို ထုတ်ပေးလိုက်သည်၊ဘာပဲဖြစ်ဖြစ် ဒီနေရာကတော့ ဝမ်ချင်ချန်ရဲ့ပုံစံအမှန်ကို သိနေလိမ့်မည်၊ဒါပေမယ့် ကိစ္စမရှိပေ၊ စီမံခန့်ခွဲသည့်အဆောက်အုံဟာ ဘယ်သူရဲ့လက်အောက်ခံမှမဟုတ်ဘဲ သီးသန့်ရပ်တည်နေသည့်နေရာသာဖြစ်သည်၊

ဝန်ထမ်းအမျိုးသမီးရဲ့မျက်နှာဟာ ခေတ္တအံ့သြသွားပေမယ့် သူမဟာ တံဆိပ်သုံးခုကို ထုတ်ပေးလာတော့သည်၊သူမဟာ တစ်ခုချင်းဆီကိုလည်း သေချာရှင်းပြနေတော့သည်၊မန်မျိုးနွယ်စုကို ရရှိသည့်မျိုးနွယ်ဟာ ကံကောင်းမှုတွေကို ယူဆောင်လာသည့်မျိုးနွယ်ပေမယ့် ဝန်ထမ်းမလေးဟာ ဘက်လိုက်မှုမရှိဘဲ မျိုးနွယ်တိုင်းရဲ့အားသာချက်၊အားနည်းချက်တွေကို သေချာရှင်းပြနေတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now