Arc.1.10(ဖန်ယင်ယွဲ့ဘဝ)

23.4K 2.4K 56
                                    

Zawgyi

ဝမ်မို့ရီဟာ လက်ထဲရှိ နဂါးရုပ်ထုနဲ့ ဖန်ယင်ယွဲ့ကို ရိုက်ချခံနီးမှာ အသိပြန်ဝင်လာတာ... အရှိန်ကို ရပ်ချလိုက်ပြီး ဘယ်သူမှမမြင်ခင် ပြန်ထားလိုက်ပြီး...သူစိတ်သူပြန်ဖြေချလိုက်သည်၊

'CCTVတွေအကုန် ငါ ဖျက်ထားပြီးပြီ၊ ကားတိုက်တဲ့နေရာမှာလည်း ဘာCCTVမှ မရှိဘူး ပြီးတော့ ငါ့အကြံအစည်တွေကို ဘယ်သူမှ မသိဘူး...စိတ်အေးအေးထား...'

သူ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် တင်လိုက်ပြီး...ယုံကြည်မှုအပြည့်နဲ့ ကျန်းကျန့်သိုက်ကို ကြည့်လိုက်ပြီး

"အကိုကျန်း က သက်သေ အထောက်အထား ပြချင်မှတော့ မို့ရလည်း ကြည့်ချင်မိတယ်...ဘာလို့လဲဆိုတော့ မို့ရှအပြစ်ကင်းစင်တာ ဘုရားသခင်ပဲ သိလိမ့်မယ်..."သူကို မတရားစွပ်စွဲနေရင်တောင် အမှန်တရားဆိုတာ တနေ့ပေါ်လာလိမ့်မည်ဟုဆိုသော လေသံဖြင့် ပြောလိုက်သည်၊

ခုနက ဝမ်မို့ရီ ငါ့ကို နဂါးတံဆိပ်တုံးနဲ့ ရွယ်လိုက်သေးလား...ဒါကို ချက်ချင်း သူမဟုတ်သလိုနဲ့ လုံးဝ မျက်နှာပြောင်တာပဲ

[Sky:တစ်ယောက် နှစ်ယောက်ပဲ မြင်လိုက်တယ်လေ အကုန်လုံးက ကျန်းကျန့်သိုက်ကို အာရုံစိုက်နေကျတဲ့အချိန်ဆိုတော့... မင်း ကံကောင်းသွားတာပေါ့]

'ငါ ကံကောင်းတယ် ဟုတ်လား ကံဆိုးတာမဟုတ်ဘူးလား...ငါ ရှောင်လိုက်လို့ရတာပဲ'

[Sky:မင်းရဲ့ သုံးစားမရတဲ့ အရှိန်နဲ့ ရှောင်နိုင်မယ် ထင်နေလား.. မင်း သေရင် Mission က အလိုလို ရှူံးပဲ မင်း ဒီကမ္ဘာမှာ အဆုံးထိ နေမှ ဝိညာဉ် စွမ်းအင် အကုန်ရမှာလေ]

'Aww အဲ့လိုလား'

[Sky:အင်း]ဝမ်ဝမ်က ဥာဏ်ပိန်းတာ မဟုတ်ပေမယ့် သူရှင်းပြခဲ့တဲ့ စကားတွေကို တစ်ဖက်ကဝင် တစ်ဖက်က ပြန်ထွက် သွားသည်ကို သူသိလိုက်ရသဖြင့် ပထမဆုံးအကြိမ် စိတ်ဓာတ်ပင် ကျမိသည်၊

'ငါ ဆိုင်လေးက CCTV မယူရသေးဘူး.....'

[Sky:....] <ငါဘာမှ မပြောချင်တော့ဘူး>

ဝမ်မို့ရီရဲ့ စပွန်ဆာ ဖြစ်တဲ့ ဖန်တုန်းက မနေနိုင်တော့ပဲ

"ကဲကဲ...ဒီကိစ္စတွေကို ခဏ ရပ်ထားလိုက်ပါအုန်း အခုက မွေးနေ့ပွဲ ကျင်းပနေတဲ့အချိန်လေ မင်းတို့ ကိစ္စတွေကို နောက်မှ ရှင်းကျ အခြားလူတွေလည်း ရှိကျတာတယ်လေ ကလေးမဆန်ကျနဲ့"

Zhao Wen Xuan(System)Where stories live. Discover now