Arc-10.20(စစ်သူကြီးပိုင်ကုဖန်း)

9.3K 1.3K 26
                                    

Zawgyi

ရက်တပတ်ကြာပြီးနောက်မှာ မင်ရန်ဟောက်နဲ့သူရဲ့ဆက်ဆံရေးဟာ တော်တော်တိုးလာပေမယ့်လည်း နန်းမြို့တော်မှာ ဘုရင်မရှိသည့်သတင်းပေါက်ကြားသွားမည်စိုးရိမ်သော အကြောင်းပြချက်ဖြင့် ပိုင်ကုဖန်းလည်း မင်ရန်ဟောက်ကို ပြန်လွှတ်လိုက်တော့သည်၊မင်ရန်​ဟောက်နဲ့အတူ ရှားကျစ်ဟန်ကိုပါ ထည့်ပြီးနောက်မှာ သူလည်းစိတ်ချလက်ချဖြစ်သွားတော့သည်၊

ပိုင်ကုဖန်း မင်စစ်တပ်က တပ်မှူးအားလုံးကို ခေါ်ကာ သူပုန်တွေကို မည်သို့ကိုင်တွယ်ရမည့်အကြောင်းကို ရှင်းလင်းစွာ ပြောပြနေတော့သည်၊ဒါပေမယ့် သူမျက်ဝန်းများကတော့ မသိမသာ မင်စစ်တပ်က တပ်မှူးအချို့ပေါ်ကို ရောက်သွားပြီး မျက်ဝန်းများဟာလှောင်ရိပ်များသန်းသွားပေမယ့် ဒီခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည့် ပိုင်ကုဖန်းဟာ အရင်ထဲက ခံစားချက်မဲ့နေသည့်အမူအရာနဲ့သာ ရှိနေတာကြောင့် ဘယ်သူမှ ရိပ်မိမသွားချေ၊

"ဒီနယ်မြေသုံးခုကြားက ကျုပ် အမှားခြစ်ချထားတဲနေရာတွေက ကျုပ်ပိုင်စစ်သည်တော်တွေရဲ့ တည်နေရာတွေပဲ၊တပ်မှူး(၆)နဲ့(၅)အဖွဲ့က ဒီနေရာထိ သူပုန်တပ်ကို မျှားခေါ်လာခဲ့၊တပ်မှူး(၁)၊(၂)နဲ့(၃)အဖွဲ့က မြောက်ဘက်၊တောင်ဘက်တွေမှာ နေရာယူထားလိုက်၊ တပ်မှူး (၄)က အနောက်ဘက်ကို ထွက်ပြေးလာမဲ့သူပုန်တွေကို ကူညီဖမ်းပေး...ပြီးတော့..." လို့ ဗျူဟာရေးဆွဲထားသည့် မြေပုံမှတ်တမ်းတွေပေါ် တစ်နေရာပြီး တစ်နေရာထောက်ပြကာ ရှင်းပြကာ တာဝန်ညွှန်းကြားပြီးနောက်မှာ လူစုကွဲကာ ပြင်ဆင်ရန်အမိန့်ပေးလိုက်သည်၊

ညရောက်သည့်အခါမှာတော့ တပ်မှူးတွေနေသည့် အနောက်တောင်တောအုပ်ဘက်ကနေ စာပို့ခိုတစ်ကောင်ဟာ မင်တိုင်းပြည်ဘက်ကို ပျံသန်းသွားတော့သည်၊

မင်မြို့တော်ရဲ့ နန်းတွင်းတစ်နေရာဟာ ထိုစာပို့ခိုဟာ သူပိုင်ရှင်ရှိရာ အဆောင်တော်ရှိ သစ်သားချောင်း​ပေါ်မှာ အနားယူလိုက်တော့သည်၊တအောင့်ကြာမှာ လူတစ်ယောက်ရောက်လာပြီး ခိုရဲ့ခြေထောက်က စာလိပ်ကို ဖြုတ်ယူပြီး ဖတ်ပြီးနောက်မှာ လှောင်ပြုံးများပြုံးသွားပြီး ထိုစာလိပ်ကို ပြန်လိပ်ကာ စာပို့ခိုရဲ့ခြေထောက်မှာပြန်လိပ်ပေးလိုက်ပြီး အရှေ့ဘက်အရပ်ကို လွှတ်လိုက်တော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now