Arc.2.7 (Fang Wen Jian)

23.4K 2.4K 39
                                    


Zaw gyi

Wu Ting Caoဟာ သူခမည်းတော်ရဲ့ တချက်လွတ်အမိန့်တော်ကြောင့် Wen Jianအား မြားပစ် မသင်ပေးနိုင်ခဲ့ချေ၊ သူဟာ အမြှီးလေးကုပ် နားရွက်လေးကုပ်ကာ... သနားစရာကောင်းအောင် Wen Jianကို တလှည့်လှည့်ကြည့်ရင်း သူခမည်းတော်ရဲ့ အထိန်းတော်နဲ့ အတူပါသွားတော့သည်၊

Wen Jian ဟာ သူအေးဆေး အနားယူရပြီလို့ တွေးတာ ပျော်ရွှင်သွားတော့သည်၊ ဒါကြောင့် သူဟာ ချက်ချင်း မြားပစ်ကွင်းကို သွားတော့သည်၊ သူဟာ လွန်ခဲ့တဲ့ နှစ်ရက်ထဲက မြင်းကို ကျွမ်းကျင်လှပစွာ စီးတတ်နေပြီ ဖြစ်သည်၊ ဒါကြောင့် သူဟာ သူအဖေရဲ့ မြားပစ်ကွင်းကို သွားပြီး မြားလေ့ကျင့်နေတော့သည်၊ မြားပစ်ကွင်းတွင် သူကို သင်ပေးမဲ့သူတွေဟာ ပေါများဆဲ ဖြစ်သည်၊ ဒါပေမယ့် သူဟာ တိုက်ခိုက်ရေးတွင် ကျွမ်းကျင်ပြီးသား ဖြစ်သဖြင့် ဟန်ပြတာ မကျွမ်းကျင်သလို ဝန်ဆောင်ပြီး တရက်ထဲနဲ့ မြား အချောင်း 50မှာ အလယ်မှတ်ကို 45ခါထိတဲ့ အဆင့်ထိ ရောက်ခဲ့သည်၊ ဒါကြောင့် မြားပစ်ကွင်းရှိ လူငယ်များဟာ Wen Jianကို ချီးမွမ်းကျတော့သည်၊ သူတို့ဟာ ဆက်ပြောကျသည်၊ Wen Jianသည် အရာရာ ပြည့်စုံသောကြောက့် ဧကရီတစ်ယောက် ဖြစ်လာရန် သင့်တော်သည်ဟုပင်၊ ဒီသတင်းဟာ တနိုင်ငံလုံး ပျံ့နှံ့သွားတော့သည်

်၊မင်းသား Wu Ting Caoကလဲ သူခမည်းတော်ဟာ ဆယ်ရက် အကျယ်ချုပ်ချုပ်ထားသောကြောင့် Wen Jianကို လာမတွေ့နိုင်ပေ၊ မင်းသား wu Li Shengဟာလည်း မြားခိုးတဲ့ကြံရာပါဖြစ်နေသောကြောင့် သူပါ အကျယ်ချုပ်ကျနေသည်ဖြစ်သည်၊
ဒါကြောင့် Wen Jianဟာ လွတ်လပ်နေတော့သည်

ဘုရင်ကြီးသည်လဲ စိတ်အလုံးစုံ ညစ်နေတော့သည် ဒီအရက်အတွင်းတွင် တူက နှိပ်စက်လိုက် သားက နှိပ်စက်လိုက်နဲ့ သူဟာ စားမဝင် အိပ်မပျော် ဖြစ်နေသည်၊ သူရဲ့ အချစ်ဆုံးသားဟာလည်း သူဆီမလာပဲ သူအမေရှိရာ သီလရှင်ကျောင်းကိုပဲ သွားသွားနေသောကြောင့် သူမှာ ပိုစိတ်ညစ်ရပြန်သည်၊
---------
------
---
-

Lan Mei Youဟာ ထိုသတင်းကြောင့် ပေါက်ကွဲနေတော့သည်၊ Fang Wen Jianဆီက ယူလာတဲ့ ဆေးဟာ အစွမ်းထက် တာကြောင့် သူရဲ့ ကျူးရှားရစ်ကလည်း ပိုမိုတောက်ပလာပြီး သူရဲ့ မျက်နှာသည်လည်း ပိုမို ဆွဲဆောင်မှုများ ဖြစ်နေသည်၊ ဒါပေမယ့် သူရဲ့ လက်မောင်းနားတွင် အနီရောင်စက်များက ပေါ်လာသည်၊ ထိုအစက်များ ယားလို့အားကြီးလို့ သူမှာ မကုတ်ပဲ မနေနိုင်အောင် အိနြေ္ဒပျက်ရသည်၊ဒါကြောင့် ဒီလှပတဲ့ သူရုပ်ကို ပြသချင်ပေမယ့် မပြနိုင်ပေ၊

Zhao Wen Xuan(System)Where stories live. Discover now