Zawgyiဒီနေ့ဟာ သကြားခဲပြောတဲ့Vampireကို သွားကယ်တင်ရမည့်ဖြစ်တာကြောင့် မစ်လ်ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်သည်၊ပြီးတော့ ခရစ်ချက်စ်ကလည်း သူကို အခြားVampireတွေနဲ့သာ စောင့်ကြည့်နေတာကြောင့် ထွက်ပြေးရန် လွယ်ကူသည်၊သူမထွက်ပြေးရသေးတဲ့အကြောင်းအရင်းက ဒိုင်နယ်(သကြားခဲကယ်တင်ခိုင်းသည့်Vampire) ဟာ သူချစ်သူဟုတ်မဟုတ်သိချင်တာကြောင့်ဖြစ်သည်၊တကယ်လို့ မဟုတ်ရင် ဒီနေရာကနေထွက်သွားပြီး Hunterစခန်းမှာ သာယာပျော်မြူးနေတဲ့ဇာတ်လိုက်မကို သွားကစားပြီးမှ သူချစ်သူကိုလိုက်ရှာတော့မည်၊
ဒီရက်ပိုင်း ဟိုသွားဒီသွား သွားတာကြောင့်နေရာတော်တော်များ သူသိနေပြီဖြစ်သည်၊နေဝင်ခါနီး နာရီပိုင်းလောက်အလိုမှာ သူအခန်းထဲကနေထွက်လာခဲ့သည်၊သူမမြင်ကွယ်ရာတွင်လည်း ခရစ်ချက်စ်လွှတ်ပေးထားသည့် Vampire ၃ကောင်လောက် ရှိသည်၊
'ငါ့ကို တကယ် အထင်သေးတာပဲ... 'ဟိုနေ့ ခရစ်ချက်စ်အခန်းထဲကနေ ဝင်ခိုးထားသည့် မြေပုံကိုထုတ်လိုက်ကာ ...မိခင်ကျောင်းဆောင်က ဘယ်နားလဲ...မြင့်မြတ်တဲ့သုသာန်နားမှာပဲ ဒီဘက်နဲ့တူတယ်...
[Sugar: စီစဉ်သူကျောက်....]
'ဘာလဲ မအားဘူး...'
[Sugar: မြေပုံက ပြောင်းပြန်ကြီး...]ရယ်ချင်စိတ်ကို လျော့ကာ ပြောနေတဲ့သကြားခဲကို မကျေမနပ်တစ်ချက်ကြည့်လိုက်ပြီး မြေပုံကို အတည့်ပြန်လုပ်ကာ ကြည့်လိုက်သည်၊ ဟိုသွားဒီသွားရင်း နောက်ဆုံးတော့ မြင့်မြတ်တဲ့သုသာန်နားရောက်လာတော့သည်၊
'ဒီဘက်ကနေ ဆက်သွားရင်.... ' ဆက်သွားနေရင်း ကျောင်းဆောင်ကြီးတစ်ကျောင်းကို တွေ့လိုက်ရသည်၊ ထိုနောက် အထဲဝင်သွားကာ
ကြည့်လိုက်တော့ ရောမခေတ်လိုဝတ်ရုံဝတ်ထားသည့် အမျိုးသမီးတစ်ယောက်ရဲ့ရုပ်ထုကိုမြင်လိုက်ရသည်၊ရုပ်ထုကြီးရဲ့ရှေ့တွင်လည်း အနက်ရောင်ဆံပင်ရှည်များနဲ့ယောကျာ်းပျိုတစ်ဦးဟာ သူကိုကျောပေးကာဒူးထောက်ထားသည်၊ထိုလူရဲ့လက်ထဲတွင်လည်း ငွေရောင်ဓားရှည်တစ်ချောင်း ကိုင်ထားပြီး ဓားရှည်ပေါ်ကို ဖန်ပုလင်းထဲက ရေများလောင်းချလိုက်တော့ ရှဲဆိုတဲ့အသံနဲ့အတူ ဓားဟာပိုမိုတောက်ပလာသည်၊ထိုနောက် ထိုလူဟာ နတ်ဘုရားမရဲ့ရုပ်ထုကြီးကို မော့ကြည့်ကာ သူကိုယ်သူဓားနဲ့ထိုးချရန်အလုပ်
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...