Zawgyiသူတို့်ရောက်တော့ လူတော်တော်ပင် ဆုံနေပြီ၊ လီနာဟာ သူတို့ကို မြင်တာနဲ့ မျက်နှာဟာ မသိမသာ ရှုံမဲ့သွားပေမယ့် အခြားလူတွေလို ပြုံးကာ နူတ်ဆက်လိုက်သည်၊လန်ဒရီကတော့ သူတို့နား ရောက်လာပြီး
"အက်တာ မတွေ့တာ ကြာပြီနော်"
အက်တာဟာ အတောက်ပဆုံးလေးပြုံးလိုက်ပြီး လန်ဒရီကို ပြန်နူတ်ဆက်ရန်ပြင်လိုက်ပေမယ့် ရုတ်တရက်ကြီး ရင်ခွင်ထဲ ဆွဲအသွင်းခံရပြီး တင်းကြပ်စွာ အဖက်ခံလိုက်ရတော့သည်၊ ဇန်နီးယားရဲ့ လုပ်ရပ်ကြောင့် ဘေးလူများလည်း ကြောင်အသွားတဲ့အပြင် လန်ဒရီဟာ အဆိုးဆုံးဖြစ်သည်၊ သူရဲ့ မေးရိုးဟာ အောက်ပြုတ်ကျမတတ်ပေ၊ သူညီဟာ ဘဝတလျောက်လုံး သူကိုမပြောနဲ့ သုမိဘတွေကိုပင် မဖက်ပေ၊ ဟုတ်ပြီ ရှင်းရှင်းပြောရရင် သူညီက လုံးဝ အသန့်ကြိုက်တယ် ဘယ်လောက်ထိလဲဆိုရင် တခါက သူဂိမ်းတစ်ခုမှာ ဇာတ်ကောင်အချင်းချင်း ဖက်လိုက်မိတာကို ငါးမိနစ်ကြာလဲ ကြာကော အဲ့ဇာတ်ကောင်ကို ဖျက်ဆီးလိုက်တယ်၊ဒါ ဂိမ်းထဲကဇာတ်ကောင်လေးတွေလေ! အဲ့လို အသန့်အရမ်းကြိုက်တဲ့ရူးနှမ်းနေတဲ့သူညီက အက်တာကို အနောက်ကနေတင်းကြပ်စွာ ဖက်တွယ်ထားတယ်တဲ့! ကြားလို့ မြင်လို့မှ ကောင်းကျရဲ့လား" အကို သူက ကျွန်တော့်အပိုင်"
'သြော်...သြော်...အခုတော့ အကိုတောင် ရန်သူလို သဘောထားနေပြီပေါ့ ...အဲ့တာပြောတာ ညီတယောက်ထိန်းရတာ ကျွဲရိုင်းတသောင်းထိန်းရသလိုပဲတဲ့ တကယ်မှန်တယ် '
ဇန်နီးယားဟာ သူအကိုရဲ့ မျက်နှာပေါ်က မကျေမနပ်ဖြစ်နေတဲ့အရိပ်အယောင်တွေကို လျစ်လျူရှုလိုက်ကာ အက်တာကိုသာ မျက်နှာဖုံးအောက်ကနေ မြတ်နိုးစွာစိုက်ကြည့်နေသည်၊
"မင်း ငါ့ကို လွှတ်အုန်း"
"မလွှတ်ဘူး မင်းက ကိုယ့်အပိုင်ဖြစ်ကြောင်း ပြရမယ်"
"ဘယ်သူက မင်းလူလဲ! ဝေးဝေးနေ"
အက်တာမျက်နှာလေးဟာ ရှက်ပြီးရဲတွက်သွားပြီး နူတ်ခမ်းလေးဟာ မကျေနပ်ကြောင်း ပြသနေပေမယ့် မျက်ဝန်းများကတော့ ဇန်နီးယားအပြောကြောင့် သဘောကျနေကြောင်း ဖော်ပြနေသည်၊အက်တာဟာ သူရဲ့မျက်နှာအမူအရာကို မလိမ်တတ်ပါလားလို့ အခြားလူတွေက တွေးတောနေမိသည်၊
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...