Arc.1.8(ဖန်ယင်ယွဲ့ဘဝ)

23.7K 2.6K 26
                                    

Zaw gyi

"Sky နဲ့ ဘာလို့ ဆက်သွယ်လို့မရတာလဲ အရင်ကဆို ငါ့ဘေး ခေါ်လိုက်တာနဲ့ တစက္ကန့်တောင်မကြာဘူး ရောက်လာတာကို.... ဘာလုပ်နေပါလိမ့်"

ဖန်ယင်ယွဲ့ တညနေလုံး ဘာမှ မပြင်ဆင်ပဲ Skyကို သာ ဆက်သွယ်နေမိသည်...ခဏကြာမှ ကုတင်ပေါ်တွင် သူ အစ်ကိုလာပို့ထားသော အနောက်တိုင်းဝတ်စုံကို မြင်မှ ပွဲကို သတိရသွားပြီး အမြန်အဆန် ရေမိုးချိုးကာ ပြင်ဆင်တော့ သည်၊

ဖန်ယင်ယွဲ့ဟာ သူ အစ်ကို စီစဉ်ပေးတဲ့ အဖြူရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး လှေကားထစ်ကနေ ဆင်းလာပြီး ဧည့်ခန်းထဲတွင် သူအစ်ကိုဟာ အပြာရင့်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ချင်ထားပြီး ခန့်ညားထည်ဝါစွာ ဆိုဖာပေါ်တွင် မှီကာ Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေသည် ဘေးတွင်လည်း စာရွက်စာတမ်း စာရင်းဇယားများနဲ့ ခုံတခုလုံး ပြည့်နှပ်နေတော့... ယင်ယွဲ့ရဲ့ မျက်နှာလေးဟာ ဆူပုပ်စွာ သူအစ်ကိုဘေးတွင် ထိုင်ချလိုက်ပြီး...

"ကိုကို!!!"

"ပြောလေ ယွဲ့အာ"

"ပွဲချိန် နီးနေပြီ ဖေဖေတို့ကော"

"ညီလေးက အလှ ပြင်တာ ကြာနေတာကိုး အဲ့တာကြောင့် ဖေဖေတို့က ပွဲကို အရင် သွားနှင့်ပြီ ကိုကိုတောင် ညီလေးကို သနားလို့စောင့်ပေးနေတာ"

"ဟွန့် ကိုကို အလုပ်တွေနဲ့လား...ဖေဖေတို့လည်း တူတူသွားမယ်ဆိုတာကို..ပြီးမှ စိတ်ကောက် ဖြစ်လိုက်မယ်"

'ဒီယင်ယွဲ့ ကိုယ်ထဲ ရောက်မှ ငါ ဘယ်လိုတောင် ချွဲနွဲ့ဆိုးသွမ်းနေရတာလဲ'

"အေးပါ..အေးပါ ထ သွားမယ်" စူပုပ်စူပုပ်ဖြစ်နေသော ယင်ယွဲ့ရဲ့ ဆံပင်များကို ဖွလိုက်ပြီး ပါးကိုလည်း အားနဲ့ ဆွဲလိုက်တော့ အထိန်းတော်ကြီးက

"သခင်လေးရယ် ဒုတိယသခင်လေးရဲ့ ပါးလေးတွေ ရဲကုန်ပြီ ပွဲတတ်ရမှာကိုလေကွယ် ကြည့် ဆံပင်တွေပါ ပွ ကုန်ပြီ လာ ကလေး"

ဖန်ချင်ယုကို ယင်ယွဲ့ မျက်စောင်းတထိုးထိုးနဲ့ အထိန်းတော်ကြီးရှေ့ကို လျှောက်သွားပြီး ပြင်ဆင်ပေးနေတာကို ငြိမ်ခံနေလိုက်သည်၊

Zhao Wen Xuan(System)Where stories live. Discover now