Zawgyiသူနန်းတော်ဝကနေ ထွက်လာတော့ အနည်းငယ်နာကျင်နေသည့် သူရဲ့ဝမ်းဗိုက်ကို ဖိလိုက်တော့ လက်ဟာအနည်းငယ်စိုစွတ်သွားသည်နှင့်အတူ... ငိုယိုသည့်အမျိုးသမီးအသံကိုပါ ကြားလိုက်ရတော့သည်၊
"အစ်ကိုဖန်း! "လို့ ခေါ်သံကြောင့် ပိုင်ကုဖန်းမော့ကြည့်လိုက်တော့ အဖျားတွေ ချယ်ရီပန်းပွင့်လေးများနဲ့အလှဆင်ယင်ထားသည့် အဖြူရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားသည့်သူမဟာ လှပပေမယ့် မျက်ရည်များနဲ့သူမရဲ့မျက်နှာလေးကတော့ အရမ်းကိုကြေကွဲစရာကောင်းနေပြန်သည်၊
"အန်းယု... ဘာလာလုပ်တာလဲ"လို့ ပိုင်ကုဖန်းဟာပြောလိုက်တော့ သူမအနီးလျှောက်လာတော့၊ သူမဟာ အလျင်စလိုနဲ့ ပိုင်ကုဖန့်အနီးကိုလျှောက်လာပြီး သူမရဲ့အဖြူရောင်လက်ကိုင်ပုဝါလေးကို ပိုင်ကုန်ဖန်းရဲ့ဒဏ်ရာပေါ်ကပ်လိုက်ပြီး...
"အစ်ကို အပြင်ထွက်သွားတယ်ဆိုလို့ အန်းယုစိုးရိမ်ပြီးလိုက်လာတာ...အဟင့်...အစ်ကိုရဲ့ဒဏ်ရာက ပြန်ဖွင့်သွားပြီ"လို့ ငိုယိုကာပြောဆိုနေသည့် သူမကို ပိုင်ကုဖန်း အပြစ်မတင်နိုင်ချေ၊၊ ဒါပေမယ့် လာရောက်တဲ့အကြောင်းအရင်းကိုလည်း ရှင်းပြမနေတော့ပဲ ပိုင်အိမ်တော်ကိုသာ အမြန်ဆုံးပြန်လာခဲ့လိုက်သည်၊
"သခင်ကြီး..သခင်ကြီးအမိန့်အတိုင်း ထောက်လှမ်ရေးတွေစေလွှတ်ပြီး မင်စစ်တပ်အကြောင်းကို စုံစမ်းပြီးပါပြီ"
"ဘာထူးလဲ"လို့ မေးလိုက်တော့သည်အသံကြောင့် ထိုစစ်သည်တော်ဟာ..မော့ကြည့်လိုက်တော့ ကုတင်ပေါ်တွင် ထိုင်ရင်း ဒဏ်ကိုဆေးထည့်ပေးသည့် သခင်မလေးအန်းယုအား ခဏရပ်ရန်အမူအရာပြလိုက်ပြီး သူ့ဘက်ကို ကြည့်လာသည့် ပိုင်အိမ်တော်ရဲ့သခင်ကြီး၊အများတကာလေးစားရသည့် စစ်သူကြီး ပိုင်ကုဖန်းဟာ ဒဏ်ရာရနေသည့်အချိန်မှာတောင် တိုင်းပြည်အရေးကို စိုးရိမ်နေပြန်သည်၊ထောက်လှမ်းရေးသမားဟာ... သူ့သခင်ရဲ့ယောကျာ်းဆန်ပြီး ခန့်ညားသည့်မျက်နှာကို လေးစားကြည်ညိုစွာကြည့်ပြီးမှ...
"နောက်တစ်ရက်ဆိုရင် သူတို့ထန်တိုင်းပြည်ရဲ့နယ်စပ်ကိုရောက်လာတော့မယ်...ပြီးတော့ အင်အားက ၅သိန်း" လို့ ပြောလိုက်တော့ အန်းယုရဲ့လက်ထဲရှိပိတ်စလေးဟာ ပြုတ်ကျသွားပြီး
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...