Arc-3.6(ဇိန်း နီကိုးလ်လက်စ်)

18.4K 2.1K 44
                                    

Zawgyi

လုခ်ဟာ အခြားသူတွေရဲ့အကြည့်များကြောင့် ခေါင်းငုတ်သွားပေမယ့် သူဟာ သူ့အမှားကို သူလက်မခံနိုင်စွာပေ၊ဒါအားလုံးဖြစ်ရတာ ဇိန်းပေါ်လာတာကြောင့်ဖြစ်သည်၊ဒီလူတွေက အရင်က သူကျွေးမွေးခဲ့တာကို ချက်ချင်းမေ့ပစ်လိုက်တာပဲ! ကျေးဇူးကန်းတဲ့လူတွေ!

ဇိန်းဟာ အဓိကဇာတ်ကောင်လုခ်အမူအရာကြောင့် လှောင်ရယ်လိုက်ချင်ပေမယ့်...
"ထားလိုက်တော့ လေဒီဂျီအာ... မကြာခင်အင်နိယားတွေကို တိုက်ခိုက်က​တော့မှာပဲလေ...အားရှိ​အောင် များများစားရအောင်..." လို့ ဇိန်းဟာ ပြောလိုက်ပြီးနောက်မှာတော့ လေဒီဂျီအာကို ထိုင်ရန် ညွန်းလိုက်ပြီး ဂျိုးကိုတော့ လက်မောင်းက​နေ ဆွဲခေါ်ကာ သူချက်ထားတဲ့ အစားအစာတွေ ရှေ့ကို ခေါ်သွားတော့သည်၊

ဒါဟာ လူတစ်ယောက်ကို အရမ်းကိုသဝန်တိုစေတယ်ဆိုတာ ဇိန်းကတော့ မသိရှာပေ၊ဂျိုးရဲ့ကာကွယ်မှုတွေကြောင့် သူစိတ်ထဲတွင် မသေချာပေမယ့် ဂျိုးဟာ သူချစ်သူများလာလို့ ထင်နေမိသည်၊

ဂျိုးကတော့ အပျော်တွင် ဖုံးလွှမ်းသွားသည့် မျက်နှာဖြင့် ဇိန်းထည့်​ပေးသည့်အစားအစာများကို အားရပါးရ စားသုံးနေတော့သည်၊

ဂဲလ်ရင်းကတော ​စေတနာရှိစွာဖြင့် အားရပါးရစားသောက်နေသည့် ဂျိုးကိုကြည့် စားနေရင်း နင်ပြီး မြန်မြန်ကြွပါစေလို့ စိတ်ထဲကနေ မေတ္တာပို့သနေတော့သည်၊ပြီးတော့ ဇိန်းတွဲသွားသည့် ဂျိုးရဲ့လက်ကိုလည်း အကြိမ်ကြိမ်စိုက်ကြည့်ရင်း လုပ်ကြံပြီးဖြတ်ပစ်ရင်ကောင်းမလားတွေးနေမိသည်၊ဒါပေမယ့် ဂျိုးဟာလည်း သူရဲ့​မွေးလတူသည့် မိတ်ဆွေကြီးဖြစ်နေတာကြောင့် ထိုစိတ်ကူးကို စွန့်ပစ်လိုက်သည်၊

သူလည်း ဇိန်းချက်ထားသောအစားအစာကို စားချင်​ပေမယ့် ဇိန်းဟာ သူ့အ​ပေါ်အနုတ်လက္ခဏာအကြီးကြီးပြသ​နေပြီမလား...၊ဂဲလ်ရင်းဟာ သူရှေ့တွင် ချထားသောအစားအစာတို့ကို ကြည့်ပင်မကြည့်ဘဲ၊သူစားနေကျ ချောကလပ် ကိုထုတ်ကာ မကျေမနပ် စားနေတော့သည်၊

တိုနီက​တော့ ပေါ့ပေါ့ပါးပါးနဲ့ ဇိန်းဆီ သွားကာသူပါ စားချင်ကြောင်း တောင်းစားတော့သည်၊ဇိန်းဟာလည်း တိုနီ​ပေါ် သိပ်အဆိုးမမြင်တော့​ပေ၊တိုနီလို လူစားမျိုးက ကိုယ့်ဘက်က အမှားလုပ်သည်ဖြစ်စေ၊အခြားလူဘက်က အမှားလုပ်သည်ဖြစ်စေ သူဟာ ထိုခဏမှာပဲ ပစ်ပစ်ခါခါ ပြောဆိုတတ်ပြီး နောက် ငါးမိနစ်ကြာရင် သူမဟုတ်တဲ့အတိုင်း ပြန်ဖြစ်သွားတတ်သည်၊ ဒါကြောင့် ဒီလို လူမျိုးဟာ ဘေးမဲ့လွှတ်ထားတာ အကောင်းဆုံး ဖြစ်သည်၊

Zhao Wen Xuan(System)Where stories live. Discover now