Zawgyi
ပထမက လီထယ်ယွန်းတစ်ယောက် ပတ်မင်ဆော့အနမ်းကို ရှောင်ရန်တွေးတောလိုက်ပေမယ့် အပေါ်ယံအနမ်းကနေ တစ်ဆင့် ထိတွေ့ခံစားမိတဲ့ခံစားချက်ယဲ့ယဲ့လေးကြောင့် လီထယ်ယွန်းရင်ထဲ ဝုန်းဒိုင်းကြဲသွားတော့သည်၊
ပတ်မင်ဆော့ရဲ့ကျောင်းဝတ်စုံနက်ကတိုင်စ်ကို ဆွဲလိုက်ပြီး ပတ်ဆော့ရဲ့နီညိုရောင်နူတ်ခမ်းသာတစ်စုံကို နမ်းလိုက်တော့သည်၊စီးဆင်းလာတဲ့စိတ်ဝိညာဉ်ခံစားမှုတွေဟာ သူ့ချစ်သူမှန်း ပြောစရာမလိုတော့ပေ၊အကြိမ်ကြိမ်ခံစားမိသော်လည်း သူ့ချစ်သူပေါ် ပစ်ပစ်ခါခါတွေလုပ်မိသည်ကို တွေးမိလိုက်ပြီးနောက်မှာ လီထယ်ယွန်းငိုချလိုက်တော့သည်၊
ရုတ်တရက်နမ်းကာ ငိုချသွားတဲ့လီထယ်ယွန်းကြောင့် ပတ်မင်ဆော့မှာ ကြောင်အဖို့အချိန်တောင်မရလောက်ပဲ စိုးရိမ်သွားကာ ခေါင်းပင်ပူထူသွားတော့သည်၊
Hyungမုန်းအောင် ပိုလုပ်မိသွားပြီလား၊ဒေါသထွက်လာရင် ချုပ်ထိန်းလို့မရတဲ့အတ္တကြောင့် Hyungကို နာကျင်အောင် လုပ်မိပြီ၊
"Hyung ကျွန်တော်က မကောင်းတဲ့ကောင်ပါ"
"မငိုပါနဲ့ ကျွန်တော့်ကိုရိုက်ချင်ရိုက်ပါ ထိုးချင်ထိုးပါနော်...ကျွန်တော်ကြောင့် Hyungမျက်ရည်ကျတာ မမြင်ရက်လို့ပါ" ပတ်မင်ဆော့ မျက်လုံးများရဲလာကာ အချိန်မရွေးငိုချတော့မည့်ပုံပင်၊
"မငိုပါနဲ့တော့နော်" ပတ်မင်ဆော့ပြောလိုက်ချိန်မှာ လီထယ်ယွန်း ငိုနေတဲ့ကြားက ပြုံးမိသွားတော့သည်၊ဒီကမ္ဘာမှာ သူ့ချစ်သူက သူ့ထက်ငယ်ရုံသာမကဘူး အသက်လည်းမပြည့်သေးဘူးပဲ၊
"ဖက်ထားပေး" လီထယ်ယွန်း နူတ်ခမ်းလေးမသိမသာပြုံးတက်သွားပြီး မကျေမနပ်သံလေးနဲ့တောင်းဆိုလိုက်တော့ ပတ်မင်ဆော့ တော်တော်ကိုအံ့သွားသင့်သွားပုံသည်၊
"ဗျာ!"
"မငိုစေချင်ရင် ဖက်ထားပေး" ပတ်မင်ဆော့ရဲ့ရင်ဘက်ကို လက်ဖဝါးနဲ့ဖွဖွလေးကပ်ကာ ထပ်ပြောလာချိန်မှာတော့
"ဗျာ...ဟုတ် ဟုတ်ကဲ့" ပြန်ဖြေလိုက်သံနဲ့အတူ လီထယ်ယွန်းကိုယ်ဟာ တင်းကြပ်သွားတော့သည်၊အသက်ဆယ့်ခြောက်နှစ်သာပြောတယ် အရပ်ကလည်း အရှည်ကြီးပဲ၊ပြီးတော့ ရင်အုံကလည်း ကျယ်ပြီးနေလို့လည်း သိပ်ကောင်းတာပဲ၊ ဝမ်းဗိုက်ကြွက်သားတွေကလည်း ကိုင်လို့ကောင်းပြီး လှိုင်းထနေသယောင်ပင်၊
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...