Arc-11.11(Hyung...I love you)

5.9K 943 30
                                    

Zawgyi

သူ့အဖေပြောတာ နားထောင်ပြီးနောက်မှာ လီထယ်ယွန်းအနားယူချင်တာကြောင့် သူ့အဖေကို နူတ်ဆက်လိုက်ပြီး သူ့အခန်းဆီ တက်လာတော့သည်၊ဒါပေမယ့် သူ့အခန်းတံခါးပွင့်ပြီးပြီး ဝင်မဲ့ချိန်မှာ တံခါးဘုပေါ်က သူရဲ့လက်ပေါ် နောက်ထပ်လက်တစ်ဖက်ဟာ ထပ်ကာ ဖိလာတော့သည်၊

"Hyung..." အနောက်ကနေ သူ့ခါးကို ဖက်ကာ နားနားကပ်ပြောလာတဲ့အသံကြောင့် လီထယ်ယွန်းမျက်မှောင်ကြုတ်သွားတော့သည်၊တစ်ဖက်မှာလည်း သူ့နားကို လာဟပ်သည့်လေပူကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားတာ အမှန်ပေ၊ဒါပေယ့် သူဘာမှစဉ်းစားမနေတော့ပဲ သူ့လက်ပေါ်ဖိထပ်ထားသည့်လက်အောက်ကနေ သူ့လက်ကိုထုတ်လိုက်ပြီး ပတ်မင်ဆော့ကို ရန်တွေ့ဖို့ အနောက်လှည့်လာတော့သည်၊

မျက်နှာချင်းနီးကပ်လွန်းလှသည့်အခြေအနေမှာ လီထယ်ယွန်း တံခါးဘက်ကို ရသလောက်ကပ်လိုက်ပြီး ပတ်မင်ဆော့ကို မော့ကြည့်လိုက်သည်၊

"မင်း ဘာပြောစရာရှိလို့လဲ"

"Hyung ဘာလို့တစ်ယောက်ခုံမှာ ထိုင်ရတာလဲ"

ပတ်မင်ဆော့ပြောလာတဲ့စကားကြောင့် လီထယ်ယွန်း မျက်လုံးများမှေးသွားတော့သည်၊သူ့အခန်းထဲဝင်ဖို့ တားတာက အဲ့တာကြောင့်လား၊

'အဲ့တုန်းက သူ့အမေနဲ့အဝေးဆုံးမှာ ငါထိုင်လိုက်တာပါဟ' ပတ်မင်ဆော့က ငါ့ကို ဘာပြသာနာရှာချင်နေတာလဲ၊မနေ့ကတည်းက အခုထိပဲ၊

"ငါ့ဘာသာ ဘယ်မှာထိုင်ထိုင်ပေါ့"

လီထယ်ယွန်း မကျေမနပ်ပြောလိုက်တော့ ပတ်မင်ဆော့ရဲ့ပုံစံဟာ ဒေါသထွက်သွားသလိုပင်၊ပတ်မင်ဆော့ရဲ့စူးရှတဲ့မျက်ဝန်းများကလည်း သူ့ကိုစိုက်ကြည့်နေတာကြောင့် ကြာတော့ လီထယ်ယွန်း နေရခက်လာတော့သည်၊

"မင်း ပြောစရာမရှိရင် ဖယ်လိုက်တော့"

"ပြောစရာက အများကြီးပဲ ရှိတယ်! Hyung ဘာလို့ ကျွန်တော့်ပေါ် ခါးခါးသီးသီးဖြစ်နေရတာလဲ "  ပတ်မင်ဆော့ဟာ လီထယ်ယွန်းရဲ့လက်မောင်းနှစ်ဖက်ကို ကိုင်ကာ ဆွဲညှစ်ရင်းမေးလာတော့သည်၊

လီထယ်ယွန်း နာသွားတာကြောင့် မျက်နှာတစ်ချက်မဲ့သွားပေမယ့် သူရဲ့အကြည့်တွေကတော့ ပတ်မင်ဆော့ကိုစိုက်ကြည့်လိုက်ပြီး

Zhao Wen Xuan(System)Where stories live. Discover now