Arc 5.2(အီသန် ဆီရိမစ်လ်)

18.6K 2.2K 75
                                    

Hello
စာလုံးပေါင်း အမှားပါရင် သည်းခံပေးပါ ပြန်စစ်ရမှာ ပျင်းလို့ပါဗျ

အရေးအသား မသေသပ်ရင်လဲ သည်းခံပေးပါ

Zawgyi

အီသန်ဟာ သူတရပ်လောက် ရှိတဲ့ ရေမှန်ရှေ့တွေ ရပ်နေပြီး မှန်ထဲရှိ အီသန်ပုံရိပ်ကို ကြည်လိုက်တော့သည်၊ ကျောက်စိမ်းလို ဖြူဖွေးတဲ့အသားအရည်၊ အဆီမရှိပဲ ကိုက်ချင်စရာကောင်းလှတဲ့ ဗိုက်သားချပ်ချပ်လေးနဲ့ သေးသွယ်ပြီး လှပတဲ့ ခါးသွယ်သွယ်လေး....အီသန်ဟာ သူဗိုက်ကို ကိုင်ကြည့်ရင်း အီသန်ရဲ့လက်တွေကိုပါ သတိထားမိသွားသည်၊ ဒီလို လူတယောက်ကိုတောင် သေစေနိုင်လောက်အောင် လှပလွန်းတဲ့ လက်သွယ်သွယ်လေးတွေ ....သူဟာ မှန်ထဲရှိ မျက်နှာကို ကြည့်လိုက်တော့ ရွှေရောင်မျက်နှာဖုံးကို မျက်နှာတဝက်ဖုံးအုပ်ထားပြီး ပန်းရောင်သန်းပြီး ဖူးဖူးလေး ဖြစ်နေသော နူတ်ခမ်းလေးကို သာ ဖော်ပြထားသည်မှာလဲ တမျိုးလေး ချစ်ဖို့ကောင်းသည်၊ အီသန်ဟာ ရယ်ကြည့်လိုက်တော့ အစွယ်လေး နှစ်ချောင်း ပေါ်ထွက်လာသည်၊ သူတောင် ကြွေမိသွားသည်၊ အီသန်ရဲ့ ကျောက်စိမ်းလို နူးညံ့ဖြူဖွေးတဲ့လက်သွယ်သွယ်လေးတွေဟာ မျက်နှာပေါ်ရှိ ရွှေရောင်မျက်နှာဖုံးလေးကို ဖယ်လိုက်တဲအချိန်မှာ တလောကလုံးပင် အချိန်များ ရပ်ဆုံးသွားတဲ့အထိ ဖြစ်သွားတော့သည်၊ ကျောက်ဝမ်ရွှမ် တခွန်းပဲ ပြောစရာရှိသည် " လှတယ်" ဖော်ပြလို့မရအောင် လှလွန်းသည်၊ အလှနတ်ဘုရားထက်တောင် လှပလွန်းသည်၊ အလှနတ်ဘုရားကို မမြင်ဖူးပေမယ့်ပေါ့ အီသန်ရဲ့ရုပ်ရည်ဟာ သူအရင်ကမ္ဘာက ဝင်စားခဲ့တော့ လူတွေနဲ့ယှဉ်ရင် ဘာမှလားလားမှ မဆိုင်အောင် လှပလွန်းသည်၊

ဝိုင်းစက်ပြီး လှပလွန်းတဲ့ မျက်လုံးလေးကို မြပြာရောင် မျက်ဝန်းလေးက ပိုမို လှပအောင် ဖန်တီးပေးထားသည်၊ ထိုလှပတဲ့ မျက်လုံးလေးကို ဇင်ယော်တောင်မျက်ခုံးမွှေးလေးက ပံ့ပိုးပေးထားသည်၊ မျက်နှာ တခုလုံးမှာ တကယ် ဆွဲဆောင်မှု အရှိဆုံးက နှာတံစင်းစင်းလေးဖြစ်သည်၊ သူတောင် ကြည့်ရင်းနဲ့ပင် ငုံထားချင်စိတ်ပင် ဖြစ်နေမိသည်၊

(မဖွဲ့တတ် ဖွဲ့တတ်နဲ့ Skyရဲ့ မူရင်းရုပ်ရဲ့အလှကို စာဖွဲ့လိုက်ပြီ)

Zhao Wen Xuan(System)Where stories live. Discover now