Zawgyiခရစ်ချက်စ် စိတ်လိုက်မာန်လိုက် လုပ်မိတဲ့သူစရိုက်ပေါ် အနည်းငယ်စိတ်ပျက်မိသွားသည်၊အခုထိ အိပ်ယာထက်မှာ မနိုးသေးသည့် မစ်လ်ကိုကြည့်ရင်း သူရဲ့စိုးရိမ်မှုဒီဂရီသည် ပိုမိုမြှင့်တတ်လာသည်၊
"ဘာလို့ မနိုးသေးတာလဲ!!!"
"အရှင်သခင် စိတ်ထိန်းပါ... ကြင်ယာတော်က အရှင်ရဲ့သန့်စင်တဲ့သွေးရောနှောမှုကို ရုတ်တရက်ကြီးရောနှောခံရလိုက်တော့ ခဏသာ သတိမေ့သွားတာပါ"
"မစ်လ် မေ့နေတာ ၂နာရီတောင် ရှိနေပြီ!!!"
'....' အရှင်သခင်ရယ် သာမန်လူသားကနေ သွေးရောနှောခံရရင် အနည်းဆုံး ၃လကနေ ၅နှစ်ထိမေ့မျောတတ်တယ်လေ၊အခုမှ ၂နာရီပဲရှိသေးတယ်၊ vampire နယ်မြေတစ်ခုလုံး ဗြောင်းဆန်နေပြီ
"ထားလိုက်တော့ ထွက်သွားကျ"
"ဟုတ်ကဲ့ အရှင်သခင်" အကုန်လုံးထွက်သွားမှ မစ်လ်ရဲ့အနီးနားကို ခရစ်ချက်စ်လျှောက်လာပြီး ကုတင်ပေါ်ထိုင်ကာ မစ်လ်ရဲ့မျက်နှာပေါ်ဖြာကျနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ပြီး နဖူးလေးကို မြတ်နိုးညင်သာစွာ နမ်းလိုက်သည်၊ ခုနက သူစိတ်လိုက်မာန်ပါ မစ်လ်သွေးကို သောက်သုံးပြီး သူရဲ့သွေးကိုပါ မစ်လ်ရဲ့ပါးစပ်ထဲထည့်ကာ လူသားတွေဘက်ကို မစ်လ်ဟာ သူရဲ့ပိုင်ဆိုင်မှုမှန်းပြခဲ့မိသည်၊ထိုလုပ်ရပ်ပေါ် လက်လွတ်စပယ်လုပ်မိခဲ့တဲ့ သူစရိုက်ကိုဒေါသထွက်မိပေမယ့် နောင်တသေးသေးလေးတောင်မရပေ၊ ဒါပေမယ့် ဟိုနက်စ်ဆိုတဲ့လူသားကိုတော့ သတိထားရမယ် ၊မစ်လ်ပေါ်ကြည့်တဲ့ ထိုလူသားရဲ့အကြည့်တွေကမရိုးသားဘူး၊ ဒီလောက် မရာဒီရယ်နဲ့ဖြစ်နေတဲ့ကောင်ကများ သူရဲ့မစ်လ်ကိုပါ အပိုင်ကြံချင်နေတယ်....
"အင်း... ရေ...ဆာ...တယ်" ခရစ်ချက်စ် သူဘေးကညည်းညူသံလေးကြားတာကြောင့် ချက်ချင်းထလိုက်ပြီး ဂရုတစိုက်ဖြင့် ပွေ့လိုက်ကာ... သူရဲ့သွေးအချို့သောက်လိုက်သည်၊ မျက်လုံးလေးမှိတ်ကာ အငမ်းမရသောက်နေပုံလေးဟာ အရမ်းချစ်စရာကောင်းတာပဲ၊သောက်လို့ဝသွားမှ မျက်လုံးလေးပြူးသွားကာ သူရဲ့လက်ကိုကြည့်လိုက်၊သူကိုကြည့်လိုက်နဲ့ ဖြစ်နေပုံလေးဟာလည်း အသည်းယားစရာပင်၊
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...