Arc.9.3(My wife doesn't love me)

13.9K 2K 154
                                    

ငါ့ဇနီးက ငါ့ကို မချစ်ဘူး

Zawgyi

"ရန်ရှင်း..."အနောက်ကနေ လှမ်းခေါ်သည့် ပိုင်လီရှန့်ရဲ့အသံကို ပိုင်ရန်ရှင်း လျစ်လျူရှုလိုက်ပြီး ဆက်လျှောက်သွားနေပေမယ့် အနောက်ကနေလှမ်းဆွဲပြီး နံရံဘက်ကို ရုတ်တရက်ကြီး ကပ်ချလိုက်တာကြောင့်...

ပိုင်ရန်ရှင်းရဲ့မျက်ခုံးလေးများဟာကြုတ်ကျသွားပြီး သူရှေ့တွင် ရပ်နေသည့်ပိုင်လီရှန့်ကို မနှစ်မြို့သလို ကြည့်လိုက်ပြီး...

"ဖယ် "

"ကိုယ်... " ပိုင်လီရှန့်ဟာ တစ်ခုခုကို ကြိုးစားကာရှင်းပြရန် ပါးစပ်ဟလိုက်ပေမယ့် ဘာပြောရမလဲမသိချေ၊ သူနဲ့မုရှင်းရုံရဲ့ပတ်သတ်မှုကို ပိုင်ရန်ရှင်းက သိသွားတာကြောင့်ကိုး

"အဟက်... ငါ့ကို ဘာမှရှင်းပြစရာမလိုဘူး..." သူရဲ့ လက်တွေကို ဖယ်ချလိုက်ပေမယ့်... ပိုင်လီရှန့်ရဲ့လက်အစုံဟာ သန်မာလွန်းသည်၊အင်အားချင်းမယှဉ်နိုင်မှန်းသိလိုက်တာကြောင့် ပိုင်ရန်ရှင်းအနည်းငယ်စိတ်ပျက်သွားသည်၊

"ကိုယ်နဲ့သူက... "

"ဟက်... ဘာမှ မပတ်သတ်ဘူးလို့ ပြောချင်နေတာလား?? ပိုင်လီရှန့် ငါဘာမှမသိဘူး ထင်နေလား! ငါ့ကို အရူးတစ်ယောက်လို့ ထင်နေလား! ငါးနှစ်... ငါ မင်းအနားမှာ ငါးနှစ်တောင် ပေးဆပ်ခဲ့ရတာ! ငါ့မိဘတွေ သဘောမတူတဲ့ကြားထဲကနေ မင်းဘေးနားမှာ မင်းရှိနေရုံပြီဆိုတဲ့စိတ်နဲ့!!! ငါနေခဲ့တယ်... ဟားဟား... လအနည်းငယ်မှာ ဆုံတွေ့ခဲ့တဲ့သူအတွက်နဲ့... မင်း ငါ့အပေါ် အေးစက်လာတယ်... "

"ကိုယ် ..."

"ငါ့ကို ဘာဖြေရှင်းချက်မှ မပေးနဲ့တော့... မကြာခင် မင်းဆီ ကွာရှင်းစာချုပ်ပို့လိုက်မယ်... " လို့ ပြောရင်း အားကုန်တွန်းချကာ ထွက်သွားတော့သည်၊ပိုင်လီရှန့်တစ်ယောက်ကတော့ ထိုနေရာငိုင်ငိုင်လေးကျန်နေခဲ့ပြီး... ခုနက သူ့ကိုနားကြည်းရိပ်တွေနဲ့ ပြည့်နှက်နေသည့်မျက်ဝန်းများကိုသာ သူအာရုံထဲမှာ စွဲထင်နေသည်၊သူရဲ့ဝဲဘက်ရင်အုံပေါ်လက်တင်လိုက်ပြီး...ပိုင်လီရှန့် တိုးတိုးလေး ပြောလိုက်မိတယ်

Zhao Wen Xuan(System)Where stories live. Discover now