Zawgyi
[Sky:ဝမ်ဝမ် ဘယ်လိုလဲ ချက်ပြုတ်ရေး သင်ရတာ...]လို့ Skyဟာ ကျောက်ဝမ်ရွှမ်ဘေးနားမှာ ပျံဝဲနေရင်းမေးလိုက်တော့ ဝမ်ဝမ်ဟာ ဘီလူးသံပုရာသီးစားမိသည့်ရုပ်ဖြင့် စိတ်ပျက်စွာ ပြောလာတော့သည်၊
"အဆင်မပြေဘူး နည်းပြက အရမ်းဆိုးတာပဲ"
[Sky:ဘာပဲဖြစ်ဖြစ် မင်း Master chefတောင် ဖြစ်သွားပြီပဲလေ မဟုတ်ဘူးလား]လို ပြောလိုက်တော့ ဝမ်ဝမ်ဟာ ခေါင်းညိတ်ကာ
"အေး... ဟုတ်တယ် ငါ့ကိုတောင် အရမ်းတော်တာပဲဆိုပြီး ချီးကျူးနေကြတာ ဟားဟား" ဘဝင်မြင့်နေသည့်အသံဖြင့်ပြောလိုက်တော့ Skyဟာ စိတ်လေသည့်အကြည့်များဖြင့် ကြည့်ကာ
[Sky:အေးပါ...အေးပါ ကဲ နောက် mission တစ်ခု သွားလုပ်ကျမလား]လို့ ပြောလာသည်
"ဒီတခါတော့ ရူးနှမ်းနေတဲ့ နေရာတွေ မပို့ပါနဲ့... ငါ အခုထိ ခါးနာ မပျောက်ကင်းသလို ခံစားရတယ်"
[Sky:Oh! ကောင်းပြီ ငါ မနေ့က မင်းအတွက် တံခါးတစ်ချပ် တွေ့ထားတယ် မင်းနဲ့အတော်အဆင်ပြေတယ်] ပြုံးပြုံးလေးနဲ့ ပြောနေသော skyကြောင့် ကျောက်ဝမ်ရွှမ် သူ့စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်နေသည်။
'ဒီကောင် ငါ့ကို ထပ်ဂျင်းမလို့တော့ မဟုတ်ပါဘူးမလား'
[Sky:ယုံကြည်လိုက်ပါ.. Cအဆင့်နော် ဝိညာဉ်စွမ်းအားတွေ ပိုမို ရရှိမှာ ဝမ်ဝမ်]
"ပြီးရော...လာ..လာ သွားရအောင်"
အရှေ့မှ သွားသော ကျောက်ဝမ်ရွှမ်သည် သူအနောက်ရှိ ညစ်ကျယ်ကျယ်အပြုံးနဲ့ ပြုံးနေသော Sky ကို မမြင်လိုက်ချေ။ထိုနောက် တာဝန်ထမ်းဆောင်ရမည့်ဌာနရောက်သည်နှင့်
"စတင် ကူးပြောင်းမည်"
ကူးပြောင်းတဲ့အခါ နာကျင်တဲ့ နာကျင့်မှုကိုပင် ကျင့်သားအနည်းငယ်ရပြီလို့ ထင်မိသော်လည်း တကယ်တည်း ကူးပြောင်းတော့လည်း ပိုမိုနာကျင်လာသလိုပဲ
သူ စဝင်လာတော့ သူရှေ့တွင် ကြီးမားပြီး ခြေထောက် ခြောက်ချောင်းနဲ့ အနီရောင် မျက်လုံးကြီး နှစ်လုံးအပြင် ချွန်ထက်နေသော သွားများနဲ့ ပါးစပ်ဖျားများတွင် သရေများ စီးကျနေပြီး ဘေးပတ်ဝန်းကျင်တွင်လည်း အခြား ပုံသဏ္ဍာန်က အမျိုးမျိုးနဲ့ အကောင်အမျိုးမျိုးကိုလည်း တွေ့လိုက်ရသည်၊ ဘေးပတ်ဝန်းကျင်တွင်လည် လူ့အလောင်းများနဲ့ ပြည့်နှပ်နေသည်၊ ဒါပေမယ့် ထူးဆန်းစွာ သူကိုယ်ပေါ်တွင် ဘာဒဏ်ရာမှ မရှိသေးချေ၊
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...