Zawgyiကျောက်ဝမ်ရွှမ် သူရဲ့ဘဝနန်းတော်ပြန်ရောက်တော့ skyဟာ သူဆီပျံလာကာ ဝိညာဉ်အပိုင်းအစတခုကို ပေးလိုက်တော့ ကျောက်ဝမ်ရွှမ် တန်ဖိုးကြီးသောအရာတခုကို ကိုင်ဆောင်သလိုကိုင်ဆောင်လိုက်ပြီး ဖန်သေတ္တာဗူးလေးကို သူရဲ့ကန့်သတ်နယ်မြေထဲကနေ ထုတ်လိုက်ကာ အမြတ်တနိုး ထည့်လိုက်သည်၊
"သိုက်...ခဏပဲစောင့်နေ " ဖန်သေတ္တာဗူးလေးနမ်းလိုက်ပြီး ပြန်သိမ်းဆည်းလိုက်တော့ Sky ဟာ
[Sky: အမှတ်အားလုံးပေါင်း 8500pionts ပြီးတော့ အပြစ်ပေးနယ်မြေမှာ mission အောင်မြင်ခဲ့တဲ့အပြင် လူအများရဲ့လေးစားမှုကိုရရှိခဲ့တာကြောင့် " ကြီးမြတ်ခြင်း အရှိန်အဝါ" ကိုရရှိသည်၊ Skill တခု သင်ယူချင်ရင်တော့ S အဆင့် Points 5000 ကို အဆင့်တခုဆီမှာ တထောင်ဆီနုတ်နုတ်သွားသည်]
"တော်ပြီ မသင်ယူတော့ဘူး"
[Sky: ဟုတ်ပြီ...နောက်တကမ္ဘာသွားတော့မှာလား နားအုန်းမလား]
"နောက်တကမ္ဘာသွားမယ်..."
[Sky: ဟုတ်ပြီ... ဒါပေမယ့် ငါမအားဘူး ၊ဒါကြောင့် ငါ့အသိမိတ်ဆွေတယောက်ကို အကူညီတောင်းထားတယ် ၊ဒီတခေါက် မင်းနဲ့အတူ သူလိုက်ပါလာလိမ့်မယ်]
"...ဘယ်သူလဲ...မင်း အခြားနတ်သူငယ်တွေကို အနိုင်ကျင့်ပြီး ခေါ်မလာသင့်ဘူးနော် Sky"
[Sky: နိုး... သူက ငါ့အပေါ်အရမ်းခင်တာကွ...ဟေး သကြားခဲ လာတော့လေ]
'....' သကြားခဲလို့ ငါနားကြားမှားတာမဟုတ်ဘူးမလား၊sky ခေါ်လိုက်တော့ အပန်းရောင်နဲ့အဝါရောင် ရောစပ်ထားတဲ့ နတ်သူငယ်လေးဟာ သူတို့ဆီကို တုန်တုန်ယင်ယင်နဲ့ပျံသန်းလာသည်ကို တွေ့လိုက်ရသည်၊
"မင်း အနိုင်ကျင့်ပြီး ခေါ်မလာတာ သေချာလား"
[Sky:သူက အမြဲအဲ့လိုပဲ ကြောက်စရာမရှိလည်း ကြောက်နေတာ]
Skyဟာ အလေးမထားသလို ပြောလိုက်ပြီး သကြားခဲဆီ သွားကာ နှေးနှေးကွေးကွေးလာနေတဲ့ သကြားခဲအား လက်ကဆွဲခေါ်လာပြီး ကျောက်ဝမ်ရွှမ်နဲ့ မိတ်ဆက်ပေးလိုက်သည်၊သကြားခဲကတော့ ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းလေးညိတ်ကာ မိတ်ဆက်ပြီးနောက် skyဟာ ပျော်ရွှင်စွာလေလေးချွန်ကာ ထွက်သွားတော့သည်၊ ကျောက်ဝမ်ရွှမ်ဟာ Sky ကို တခုခုပြောမလို့ အနောက်ကနေပြေးလိုက်သွားချိန်မှာ Skyရဲ့ဘေးတွင် အဖြူရောင်အရိပ်လေးတခုပေါ်လာကာ Skyအားခေါ်ဆောင်သွားတာ တွေ့လိုက်ရသည်၊
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...