Arc- 3.7(ဇိန်း နီကိုးလ်လက်စ်)

18.5K 2.1K 30
                                    

Zawgyi

ဇိန်းဟာ အဝရယ်မောလိုက်ပြီးနောက်မှာ ချက်ချင်းရုပ်တည်လိုက်ပြီး လုခ်ကို နာကြည်းနေသည့်မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း...

" အဲ့တုန်းက မင်းကြောင့် မိုးကြိုးအဖွဲ့ပျက်စီးခဲ့ပြီး အဖွဲ့ဝင်အချို့ သေဆုံးခဲ့တယ်... ဒါတော့ မင်း မှတ်မိတယ်မလား"လို့ အေးစက်စွာ ပြောလိုက်တော့ လုလ်ရဲ့အမူအရာဟာ ဖြူဖျော့သွားတော့သည်၊ကျန်သည့်လူတိုင်းဟာလည်း လုခ်ကို စောင့်ကြည့်နေမှန်း သိကျတော့သည်၊ဒါကြောင့် သူဟာ အမူအရာကို ထိန်းသိမ်းလိုက်သည်၊

လုခ်ဟာ ဒီမြေအောက်ကမ္ဘာမှာ ထိပ်သီးရပ်တည်နေသည့်မြေအဖွဲ့အစည်းကို ဝင်ရောက်ခဲ့ပြီး ပင်တိုင်အဖွဲ့ဝင်ဖြစ်အောင် ကြိုးစားခဲ့သည့် ဖြူစင်အားကိုးရသည့်လူငယ်လေးလို့ အားလုံးထင်အောင် သူ့ပုံရိပ်ကို ထိန်းသိမ်းခဲ့ရသည်၊ ဒါပေမယ့် ထိုနေရာကိုရောက်ဖို့ သူနင်းချေလိုက်တဲ့ ခဲလုံးတွေက ရည်တွက်လို့ မရပေ၊ထိုထဲတွင် မိုးကြိုးအဖွဲ့ရဲ့ သေဆုံးသွားတဲ့သူတွေလဲ ပါခဲ့သည်၊

မိုးကြိုးအဖွဲ့နဲ့ဆုံတော့ သူဟာ ထိုအဖွဲ့ထဲက သန်မာသည့်လူသုံးလေးယောက်ကို မြင်လိုက်ရပြီး ထိုလူတွေသာ သူနဲ့ပူပေါင်းရင် တရားဝင်အဖွဲ့ဝင် တန်းဖြစ်မှာ သူသိလိုက်သည်၊ ဒါပေမယ့် ဘေးနားက အသုံးမကျတဲ့သူတွေကို စရိတ်အကုန်ခံပြီး သူအဖွဲ့ထဲကို မထည့်ချင်တာကြောင့် လုခ်လည်း မိုးကြိုးအဖွဲ့ခေါင်းဆောင်ကို ဖျားယောင်းမြူဆွယ်နိုင်ခဲ့ပြီး သူဖြစ်ချင်သလို ဖြစ်ခဲ့သည်၊ ကျန်ရှိခဲ့တဲ့သူတွေကတော့ သူလို လူအတွက် ပုရွက်ဆိတ်မျှသာ ဖြစ်သည်၊

ဒါပေမယ့် လုခ်ဟာ သူ့အ​ကြောင်းပေါ်မည်ကို မစိုးရိမ်ပေ၊ ဘာလို့လဲဆိုတော့ သူထားခဲ့တဲ့သူတွေက သေပြီးပြီလေ၊သူတို့ကိုယ်တိုင် အင်နိယားတွေ ကြားထဲ ထားရစ်ခဲ့ခြင်းဖြစ်သည်၊ ဒါကြောင့် လုခ်ဟာ မတရားခံရသည့်ပုံစံဖြင့် ဇိန်းအားကြည့်ရင်း

"မင်း ဘာပြောချင်တာလဲ နားမလည်ဘူး..မိုးကြိုးအဖွဲ့က အခု ငါတို့ မြေအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးသွားပြီ...အစထဲက မိုးကြိုးအဖွဲ့က သုံး၊လေးယာက်ပဲ ငါတို့ဆီ ရောက်လာတာ...ကျန်တဲ့သေသွားတဲ့လူတွေက ဘာကြောင့် ငါကြောင့် ဖြစ်ရမှာလဲ... မင်း ငါ့ ဖြူစင်မှုကို လက်လွတ်စပယ် မပြောပါနဲ့ ဇိန်း နီးကိုးလ်လက်စ်"လို့ပြောလိုက်တော့ ဇိန်းဟာ ဟားတိုက်ရယ်လိုက်ပြီး

Zhao Wen Xuan(System)Where stories live. Discover now