Arc.9.2(My wife doesn't love me)

13.5K 2.1K 169
                                    

ကိုယ့်အသက် လာလာမေးနေကျတဲ့သူတွေကိုလည်းပြောပါရစေဗျ...19နှစ်ပါဗျ

Zawgyi

ပိုင်ရန်ရှင်း မှန်ထဲရှိ ပုံရိပ်ကို ကြည့်လိုက်တော့ အသက်၂၂ဝန်းကျင်လောက်ရှိတဲ့လူငယ်လေးကိုမြင်လိုက်ရသည်၊ဒါပေါ့ ပိုင်ရန်ရှင်းက ၂၆နှစ်ပြည့်ပြီဆိုပေမယ့်... မှန်ရဲ့ပုံရိပ်ထဲက ကောင်လေးဟာ နုပျိုနေသယောင်

အဖြူရောင်အင်္ကျီပွပွကိုဝတ်ဆင်ထားပြီး ဘောင်းဘီဟာလည်းပွယောင်းနေတာကြောင့် ပိုင်ရန်ရှင်းရဲကိုယ်ဟာ နစ်မြှုပ်နေသည်၊ ဒါပေမယ့် အထက်အောက်ရွေ့လျားနေသည့်လည်စေ့လေး...ကျော့မော့ပြီးအနာအဆာကင်းမဲ့သည့် ဖြူဖွေးနေတဲ့လည်တိုင်လေး...Vချိတ်ပုံသဏ္ဍာန်မေးရိုး...၊ချယ်ရီရောင်သန်းနေပြီး အောက်နူတ်ခမ်းလေးထူပြီး အပေါ်နူတ်ခမ်းတစ်စုံ၊လုံးနေသော နှာခေါင်းလေး... ၊ မျက်တောင်ရှည်များနဲ့သခင်မျက်လုံးများနဲ့လှပနေသည့် ချောကလပ်ရောင်မျက်ဝန်းများ...၊အလိုမကျသလို အလယ်ကိုစုကြုတ်ထားသည့် မျက်ခုံးသွယ်သွယ်... ဟုတ်သည်၊ ပိုင်ရန်ရှင်းကတော်တော်ကြည့်ကောင်းသည့် လူငယ်တစ်ယောက်ဖြစ်သည်၊ဒါပေမယ့် ရုပ်ရည်ကို ဂရုမစိုက်တတ်သည့် အရင်ပိုင်ရန်ရှင်းဟာ... သူရုပ်ဟာ ဘယ်လောက်ဘဲ ချောမောလှပပါစေ... ကြည့်ကောင်းအောင် ပြုပြင်ဖို့အလေးမထားချင်...။

ပိုင်ရန်ရှင်းဟာ ကြမ်းပြင်ပေါ် ပြန့်ကျဲကာ ကျနေသည့် ဓာတ်ပုံတွေနဲ့ လက်ထပ်စာအုပ်အတုကို ကောက်သိမ်းလိုက်ပြီး လုံခြုံထိနေရာမှာ ဖွက်ထားလိုက်သည်၊ဒီပစ္စည်းတွေက တစ်ချိန်ချိန်မှာ အသုံးမဝင်လာနိုင်ဘူးလို့ ပြောလို့မှမရတာ...၊ ထိုနောက် ရေမိုးချိုးလိုက်ပြီး... အဖြူရောင် Hoodie နဲ့ အနက်ရောင် ဒူးကျဘောင်းဘီကို ဝတ်ဆင်လိုက်ပြီး အခန်းကနေထွက်လာလိုက်သည်၊

သူရဲ့ ဆံပင်ရှည်တွေကို ညှပ်ပစ်လိုက်ချင်သည်၊မျက်လုံးဖုံးအုပ်ပြီးနေရတာကို ပိုင်ရှင်းရန်မကြိုက်နှစ်သက်ပင်၊ဒါကြောင့် အိမ်ရှေ့ထိ ထွက်လာပြီး အစေခံတစ်ယောက်အား...

"ဒရိုင်ဘာကို ငါ အပြင်သွားဖို့ အသင့်လုပ်ခိုင်းလိုက်" လို့ ခေါ်လိုက်တော့ ထိုအစေခံမလေးဟာ အံ့အားသင့်သွားပြီး ခေါင်းခါလိုက်ကာ...

Zhao Wen Xuan(System)Where stories live. Discover now