Arc.5.8(အီသန် ဆီရိမစ်လ်)

18.6K 2.2K 63
                                    


အရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်
စာပြန်မစစ်ရသေးတာကြောင့် အမှားပါရင် တောင်းပန်ပါတယ်

Zawgyi

ဝမ်းနဲ့ တူး ဟာ ဒေါသထွက်သွားပြီး ပြန်ပြောရန် ပြင်လိုက်ပေမယ့် အေးသက်မာကျောတဲ့ အသံလေးဟာ သူတို့ကို ပြန်တိတ်သွားစေသည်၊

"ဘယ်လိုတောင် မောက်မာနေတာလဲ ဟက် သင်လို လူမျိုးက ငါကိုယ်တော်ကို နာမည်တိုက်ရိုက်ခေါ်ရုံမကဘူး လေသံမာနဲ့တောင် ပြောနေတယ် သင့်ကိုယ် သင် ဒီဌာနချုပ်ရဲ့ ခေါင်းဆောင် ထင်နေလား"

အိမ်ရှေ့စံ ဂျက်ဟာ အံ့အောကနေ မဲမှောင်သွားလိုက် နီသွားလိုက် ခရမ်းရောင်တဖန်ဖြစ်သွားပြီးနောက် ဖြူဖျော့သွားပြန်သည်၊နောက် နီရဲနေသော မျက်နှာဖြင့်

"မင်း ဒီလိုလုပ်နေတာ ငါ မင်းကို မုန်းမှာ မကြောက်ဘူးလား"
အီသန် ဆီရိမစ်လ်က သူကို ချစ်နေတာလေ ဒါကြောင့် သူဟာ ဒီလို သတ္တိမျိုးနဲ့မေးရဲခြင်းဖြစ်သည်၊ဒီလို ရုပ်ဆိုးကောင်ဆီ စကားလာပြောပေးတာပဲ ကျေးဇူးတင်လိုက်အုန်း အခုတော့ သူကို အမိန့်သံနဲ့ လာပြောနေတယ်၊ ဘာလဲ ဒါသူ စိတ်ဝင်စားအောင် လုပ်နည်းတနည်းလား ကိုယ့်ရုပ်ကိုယ် မှန်ထဲအရင်ကြည့်ပြီးမှ ငါ့ဆီလာ ချဉ်းကပ်စမ်းပါ

ဝမ်းဟာ အိမ်ရှေ့စံ ဂျက်အား ရွံရှာတဲ့အကြည့် တချက်ကြည့်ပြီး ဘာမှ ဆက်မပြောပေ၊ တူးကတော့ ဘာအမူအရာမှ မဖော်ပြပေ၊ သူပုံဟာ ဒီလို အသေလွတ် ဘဝင်မြင့်နေတဲ့ကောင်အတွက် သူ စိတ်ခံစားချက် ဖော်ပြရန်မတန်သည့်ပုံဖြင့်၊

"ဟားဟား....သင့်ကို ငါကိုယ်တော်က စိတ်ဝင်စားတယ် ဟုတ်လား သင်လို သာမန်လူသား တယောက်ကို ငါကိုယ်တော်က ဘာကြောင့် စိတ်ဝင်စားရတာလဲ ပြောစမ်းပါအုန်း"

အေးစက်ပြီး အသက်မပါတဲ့ ရယ်သံလေးဟာလိုက်ကာနောက်ကနေ ထွက်လာတာ လှောင်ရယ်မေးမြန်းသံလေးဖြင့် ဒေါသထွက်နေသော အိမ်ရှေ့စံ ဂျက်အား ပြန်လည် မေးခွန်းထုတ်လိုက်သည်၊
ဂျက်ဟာ ဒီလို မေးမြန်းမယ် မထင်တာကြောင့် ကြောင်အန်းသွားသည်၊ ဒါကြောင့် အူကြောင်ကြောင်လေသံဖြင့်

Zhao Wen Xuan(System)Where stories live. Discover now