Arc.1.3(ဖန်ယင်ယွဲ့ရဲ့ဘဝ)

28.2K 2.9K 17
                                    

Zawgyi

ကျန်းကျန့်သိုက်လည်း ယွဲ့အာကို တွဲခေါ်လာတာကာ အထူးလူနာဆောင်ဘက်ကို ထွက်လာတော့သည်၊

ဖန်ယင်ယွဲ့ ကို ကျန်းကျန့်သိုက် လက်တွဲကာ တွဲခေါ်ပြီး အခန်းထဲ ဝင်လာတဲ့အချိန်မှာ အခန်းထဲတွင် သူ့သူငယ်ချင်းသည် လူနာကုတင်ပေါ်၌ ခေါင်းအုံးကို ကျောမှီကာ ထိုင်နေရင်း ကောင်လေးတစ်ယောက်နဲ့ စကားပြောနေသည်။

သူလည်း သွမ့်ကွေ့ကျီနဲ့ စကားပြောနေသော ကောင်လေးကို ကြည့်ရင်း တွေးမိလိုက်သည်
'ငါသာ ယွဲ့အာကိုသာ မမြင်မိခဲ့ဘူးဆိုရင် ထိုကောင်လေးကို တော်တော်လှပတယ်လို့ ပြောမိမှာသေချာတယ်'

တောက်ပသော ပန်းရောင် ဆံပင် နဲ့ လှပသော မျက်နှာပေါ်တွင် အပြုံးတပွင့် ဆောင်ထားသော်လည်း ထို အပြုံးက ယွဲ့အာရဲ့ အပြုံးလောက် မဖြူစင်ပင်။

သူရဲ့ မျက်ဝန်းများသည် သွမ့်ကွေ့ကျီပေါ်တွင် ကြည့်နေသော အကြည့်ကို သူ သိပ်မကြိုက်ပင်၊ ဒီလို အကြည့်မျိုးက သွမ့်ကွေ့ကျီနား ချဉ်းကပ်ကျတဲ့ လူတွေ အတိုင်းပဲ အထင်သေးစရာကောင်းလွန်းသည်။ သူ ထိုကောင်လေး နဲ့ ယွဲ့အာ ကို ယှဉ်ကြည့်နေရင်း သူကိုယ်သူ ဒေါသထွက်မိသွားသည်၊

'ယွဲ့အာနဲ့ ဒီကောင်လေးက ယှဉ်စရာမှ မလိုတာ၊တစ်ယောက်က ရွှေဆို တစ်ယောက် ကြေးလိုပဲ'

သူတို့ ဝင်လာတာကို သွမ့်ကွေ့ကျီလဲ သတိထားမိသွားပြီး ...
"Dai မင်းရောက်လာပြီလား"

"အေး ယင်ယွဲ့ မင်း ဆိုဖာပေါ်မှာ ထိုင်နေလိုက်လေ မင်းနေကောင်းသေးတာ မဟုတ်ဘူး"

ကျန်းကျန့်သိုက် ဖြူဖျော့ဖျော့ဖြစ်နေသော ယွဲ့အာကို ဆိုဖာနားသို့ တွဲခေါ်ကာ ဂရုစိုက်စွာ လုပ်ပေးနေသည်
"ကျေးဇူးပါ အကိုကျန်း"

"ယင်ယွဲ့!" စူးရှသော အော်သံကြောင့် ဖန်ယင်ယွဲ့ မပြောနဲ့ အနားရှိ ကျန်းကျန့်သိုက်ပင် နားအူသွားမတတ်ပင်၊ဒီကောင် ဒီအခန်းထဲမှာ လူနာ တွေ ရှိတာကို ဘယ်လိုတောင် လက်လွတ်စပယ် အော်လိုက်တာလဲ...

ဒေါသတကြီး စိုက်ကြည့်နေသော မျက်ဝန်းပိုင်ရှင်ကြောင့် ဝမ်မို့ရီလည်း သူအမှားကို သိကာ...
"တောင်းပန်ပါတယ် ကျွန်တော် စိတ်လွတ်သွားလို့ပါ"

Zhao Wen Xuan(System)Where stories live. Discover now