Zawgyi
စစ်ပွဲဟာ စတင်လာခဲ့ပြီ...လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းကလိုပဲ မျိုးနွယ်သုံးစုရဲ့ မပြီးဆုံးနိုင်တဲ့ တိုက်ပွဲဟာ တဖန်စတင်လာပြန်သည်၊ အုပ်မှိုင်းနေတဲ့အုပ်ကြီးရဲ့ တစ်မိုင်အကွာမှာ ကြီးမားတဲ့စစ်တပ်ကြီး နှစ်တပ်ဟာ တောအုပ်ကြီးဘက်ကို မျက်နှာမူကာ အားမာန်အပြည့်နဲ့ ရပ်နေကျတော့သည်၊ ထိုချိန်မှာ တပ်သားတွေ ကြားထဲကနေ ငွေရောင်သံကျပ်ကာ ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက်ဟာ အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် လူရဲ့လက်မောင်းကို ဖက်တွယ်ထားရင်း တပ်သားတွေရဲ့ ရှေ့ဆုံးကို ရောက်လာတော့သည်၊ သူတို့က မရာဒီရယ်နဲ့ ဖလူစ် ဖြစ်သည်၊
မရာဒီရယ်ဟာ တောအုပ်ထဲမှာ သူတို့ကို စောင့်ကြည့်နေသည့် မျက်ဝန်းနီများကို တွေ့တော့ လှောင်ပြုံးလိုက်ပြီး...
"ဘယ်လိုလဲ ဒီမြို့စားမင်းရဲ့ ကမ်းလှမ်းချက်ကို သဘောတူဖို့အချိန်ရှိသေးတယ်နော်" လို့ ပြောလိုက်တော့ မျက်ဝန်းနီများဟာ ပိုမိုရဲတောက်လာသယောင်... ထိုထဲကနေ အနက်ခေါင်းစွပ်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် Vampire တစ်ဦးဟာ ထွက်လာပြီး နီရဲတောက်နေပြီး အလယ်မှာ ရစ်တိုနစ်ဗီးယားအမှတ်တံဆိပ် ရေးဆွဲထားသည့် အလံကို ကိုင်ဆောင်ထားပြီး သြဇာအာဏာပြည့်ဝသည့် အသံဖြင့် စစ်တပ်သုံးတပ်လုံးကြားအောင်...
"Vampire အရှင်သခင် နဲ့ ဧကရီမစ်လ် အောင်ပါစေ"
"Vampire အရှင်သခင်နဲ့ ဧကရီမစ်လ်တို့ဟာ အနှိုင်းမဲ့!!!"
"Vampire အရှင်သခင်နဲ့ ဧကရီမစ်လ်တို့ဟာ ပြိုင်ဘက်ကင်း၏!!" လို့ အားမာန်အပြည့်နဲ့ အလံကိုထောင်ကာ အော်ဟစ်လိုက်တော့သည်၊သူအော်လိုက်သည့်အချိန်မှာ တောထဲတွေလည်း ထိုသို့အားမာန်အပြည့်နဲ့အော်ဟစ်သံများ ဆူညံ့ပွတ်လောသွားကာ မြေပြင်ပင် တုန့်လှုပ်သွားသည်၊ ထိုသို့ အပြည့်အဝထောက်ပံ့တာဟာ ရန်သူဘက်ကိုအံ့အားသင့်သွားသည်၊သူတို့ပင် သူတို့ယုံကြည်ထောက်ပံ့မည်မဟုတ်ပေ၊ ရှင်းရှင်းပြောရရင် မတတ်သာလို့ ဒီစစ်ပွဲမှာ ပါဝင်ခြင်းဖြစ်ကျသည်ကိုး...
အခြားတစ်ဖက်မှာလည်း မရာဒီရယ်ကို ပိုမိုမနာလိုအူတိုစိတ်ကြီးထွားစေသည်၊အရင်ဘဝက Vampire နယ်မြေမှာ ကြင်ယာတော်တစ်ပါးအနေနဲ့ နေခဲ့ရပေမယ့် သူပျောက်ကွယ်သွားတဲ့အချိန်ထိ ဘယ်သူမှ ဧကရီတစ်ပါးလို အတည်အမှတ်မပြုခဲ့ချေ! ဒီ အမှိုက်ကောင်က ဘယ်လိုများ Vampireမျိုးနွယ်ရဲ့ အသိအမှတ်ပြုခြင်းကို ရခဲ့ရတာလဲ! မရာဒီရယ်ဟာ တောအုပ်ဘက်ကို မုန်းတီးစွာ ကြည့်လိုက်ပြီး...
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...