နောက်ကျနေမှန်းသိပေမယ့်ကိုယ်မင်းကိုချစ်တယ်'ပေါင်ပေါင်'

45.7K 3.7K 225
                                    

အပိုင်း ၄၈ ။ နောက်ကျနေမှန်းသိပေမယ့် ကိုယ်မင်းကိုချစ်တယ် ပေါင်ပေါင်

                         ( Unicode )

" သခင်ကြီး "

" ပြော "

" သူလျှိုတွေသတင်းအရ သူတို့ဆက်ခံသူပွဲက နောက်အပတ်လ်ို့ကြားပါတယ် "

တာကဲရူ ရဲ့မျက်လုံးတွေမှာအမုန်းတွေနဲ့လက်စားချေမှု့တွေသာပြည့်နှက်နေခဲ့သည်။

" အဲ့လောက်တောင်မြန်တာလား ဟက် ။ ကောင်းပြီ ငါတို့ဘက်ကလူစုထားလိုက်တော့ ကြည့်ကောင်းမယ့်ပွဲတစ်ခုဖြစ်လာတော့မှာ "

" ဟုတ်ကဲ့သခင်ကြီး "

တာကဲရူဟာ သူ့ဘဝရဲ့သက်တမ်းသုံးချိုးနှစ်ချိုးလောက်ကို ရှန်မီယောင်းကိုယှဥ်​ပြိုင်ရင်းသာကုန်ဆုံးခဲ့ပြီး တစ်စတစ်စကြီးမားလာတဲ့အမုန်းတရားတွေနဲ့လက်စားချေချင်တဲ့စိတ်တွေက တာကဲရူရဲ့အဓိကသော့ချက်ဖြစ်လာခဲ့သည် ။ သို့သော် အင်အားကြီးတဲ့ရှန်မီယောင်းကိုအခုထိလက်စားမချေနိုင်သေးတဲ့အပြင် အခုတခေါက်မှာ သူကိုယ်တိုင်ကပါ ဒဏ်ရာရလာခဲ့တာမို့ ပေါက်ကွဲလို့နေတော့သည် ။

အဖိုးဖြစ်သူရဲ့မှတ်တိုင်ရှေ့မှာဒူးထောက်ကာ လက်တွေကိုပေါင်ပေါ်တင်ကာခေါင်းကိုငိုက်စိုက်ထားသည် ။

" တောင်းပန်ပါတယ်အဖိုး ကျွန်တော်အဲ့ကောင်ကိုအခုထိမသတ်နိုင်သေးဘူး။ ဒီတစ်ခေါက်တိုက်ပွဲမှာ ကျွန်တော်နဲ့အဲ့ကောင်ရဲ့ သူသေကိုယ်သေတိုက်ပွဲဖြစ်လာလိမ့်မယ်။အဲ့အခါကျရင်ကျွန်တော်သေချာပေါက် ရူနိုဆူကဲ ခေါင်းကိုအဖိုးဆီယူလာပေးပါ့မယ်..အဲ့အချိန်ထိ ကျွန်တော့်ကိုစောင့်ရှောက်နေပေးပါ "

လက်သီးကျစ်ကျစ်ဆုတ်ပြီးမခံမရပ်နိုင်ဖြစ်နေတဲ့ တာကဲရူ ဟာ သူ့အတွက် ရှန်မီယောင်းရဲ့အသက်သာရမယ်ဆိုရင် သူကိုယ်တိုင်တောင်သေရမှာမမှု့တဲ့လူတစ်ယောက်ဖြစ်လို့နေ​တော့သည်။

* ငါ့ရဲ့အင်အားနဲ့မင်းကိုမသတ်နိုင်ဘူးဆိုတာမယုံဘူး မင်းနဲ့ငါကတမြေထဲမှာအတူမရှိနိုင်တဲ့ကမ္ဘာ့ရန် ပဲ *
_________________________________________

 BABY IS MY LIFE Where stories live. Discover now