မင်းကိုယ့်ကိုစောင့်နေတာလား

66.5K 6.1K 299
                                    

အပိုင်း ၇ ။ မင်းကိုယ့်ကိုစောင့်နေတာလား ။

                        ( Unicode )

အဆင့်တန်းရှိတဲ့ဟိုတယ်ခန်းတစ်ခုတွင် အဝတ်မပါတဲ့လူနှစ်ယောက်ပူးကပ်စွာအချစ်ခရီးကို မမောနိုင်မပန်းနိုင်ဖြတ်ကျော်နေကြသည်။

* ဟာ့ အာ့ ! *

* Ahh .. *

အခန်းထဲရဲ့ကုတင်ထပ်မှာအသားချင်းရိုက်သံနဲ့ညည်းသံတွေဝေဆာနေကာနောက်ဆုံးသူတို့နှစ်ဦးစလုံးအထွတ်ထိပ်ဆီရောက်ကာကျေနပ်ချင်းဆီရောက်မှပဲအချစ်စခန်းကိုရပ်နားခဲ့သည်။
ထိုလူနှစ်ယောက်ထဲက တစ်ယောက်ဟာ နိုင်ငံခြားမှာအောင်မြင်နေတဲ့ Model တစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အောင်မြင်တဲ့စီးပွားလုပ်ငန်းရှင် လီဟန်ရှင်း ဖြစ်သည် ။

Li Company  ဟာ အခုလက်ရှိ Diamond Black ဆိုတဲ့ ရှန်မီယောင်း ရဲ့ Company နဲ့တန်းတူအောင်မြင်နေတဲ့ Company ဖြစ်သလို Diamond Black နဲ့ စီးပွားပြိုင်ဖက် Company တစ်ခုလည်းဖြစ်သေးသည်။ Li Company ရဲ့ CEO ဖြစ်တဲ့ လီဟန်ရှင်း ဟာစီးပွားရေးလုပ်ရာမှာ ဖြတ်ထိုးဉာဏ်ရှိသလိုအလားလာကောင်းပြီး အမြတ်များတာကိုမှရွေးလုပ်တတ်သည်။ စီးပွားရေးလောကမှာငွေကြေးဟာ ဒုတိယဘုရားသခင်မို့ လီဟန်ရှင်းအတွက် Diamond Black Company က အကြီးမားဆုံးပြိုင်ဘက်တစ်ခုဖြစ်လာသည်။ လီဟန်ရှင်း ဟာ Diamond Black CEO ဖြစ်တဲ့ ရှန်မီယောင်းကိုမတွေ့ဖူးပေ။သို့ပေမယ့် Company နှစ်ခု ယှဉ်ပြိုင်လာတဲ့အခါ ကိုယ့် Company ကိုသာ ဦးစားပေးအောင်မြင်ချင်ကြတာချည်းမဟုတ်လား။

Diamond Black Company ကို ပြိုင်ဖက်လိုသဘောထားကာ အမြဲတမ်းယှဉ်ပြိုင်ကာ သာလွန်အောင်ကြိုးစားနေခဲ့ပေမယ့်စီးပွားရေးအမြင်နဲ့ပြောရရင်သူ့ထက်ခြေတစ်လှမ်းသာနေမြဲဖြစ်တဲ့ ရှန်မီယောင်းကိုတော့စီးပွားရေးသမားပီပီအနည်းငယ်တော့ချီးကျုးမိသည်။

လီဟန်ရှင်း ရဲ့ အာဏာနဲ့ငွေကြေးဟာ ရှန်မီယောင်း နဲ့တန်းတူမဖြစ်နိူင်သော်လည်း တချို့သောစီးပွားရေးလောကတွင်တော့တော်ရုံလူမယှဥ်ပြိုင်ဝံ့တဲ့အထဲမှာပါသည်။ သို့သော် လီဟန်ရှင်း ဟာ သူယှဉ်ပြိုင်နေတဲ့လူဟာဘယ်လောက်အဆိပ်ပြင်းလဲသိထားသူမို့ တဖက်လူကိုအထင်မြင်မသေးတတ်ပဲအမြဲနိုးနိုးကြားကြားနဲ့ သတိရှိသည်။ ရှန်မီယောင်း ကို မမြင်ဖူးတာ တစ်ယောက်တည်းတော့ မဟုတ်ချေ။ သေးငယ်တဲ့ စီးပွားရေးရှင် အတော်များများလည်းရှန်မီယောင်းကိုမမြင်ဘူးပေ ။ ရှန်မီယောင်း ဟာ လူတုရှေ့မှာ မျက်နှာပြသည်မှာအရမ်းရှားသည်။

 BABY IS MY LIFE Where stories live. Discover now