အတိတ်ကမှတ်ဉာဏ်များပြန်ပေါ်လာခြင်း

46.6K 3.8K 239
                                    

အပိုင်း ၄၅ ။ အတိတ်ကမှတ်ဉာဏ်များပြန်ပေါ်လာခြင်း

                        ( Unicode )

နောက်တစ်နေ့မနက်ခင်းတွင် ကုတင်ပေါ်မှာတစ်ယောက်နဲ့တစ်ယောက်ဖက်ကာအိပ်ပျော်နေတဲ့လူနှစ်ဦးထဲမှာ အရင်ဆုံးနိုးလာသူက Joe ဖြစ်သည်။

Joe မျက်လုံးနှစ်လုံးပွင့်တာနှင့် သူ့ရှေ့တွင်နီးကပ်စွာမြင်နေရတဲ့လီဟန်ရှင်းမျက်နှာကြောင့်လန့်မိသွားပြီး သူတို့အခြေနေကိုပြန်ကြည့်တဲ့အခါမှာ လီဟန်ရှင်းဟာ သူ့လက်မောင်းပေါ် Joe ကို ခေါင်းဦးစေကာ ခါးကိုဖက်၍အိပ်ပျော်နေသည်။

* အာ ငါဘယ်လိုလုပ် ရှင်း လက်မောင်းပေါ်ရောက်နေတာလဲ? မသိတော့ဘူး အရင်ဆုံးဒီကနေထွက်သွားရမယ် *

ထိုသို့တွေးကာ Joe လီဟန်ရှင်း မနိုးစေရန်သူ့လက်ကိုဖယ်ကာအိပ်ရာဆီကဖြေးဖြေးချင်း ထလိုက်သည် ။ ပြီးတာနှင့် ဘေးကခုံဆီမှာ လွှားထားတဲ့သူ့အဝတ်စားတွေကိုပိုက်ကာ ရေချိုးခန်းထဲအဝတ်စားလဲရန်ကုတ်ကုတ်လေးလျှောက်နေစဥ်။

" နိုးသွားမှာအဲ့လောက်စိုးရိမ်နေတာလား "

" အားးး !! လန့် လန့်လိုက်တာ "

ရုတ်တရက် လီဟန်ရှင်းအသံကြောင့် Joe အသားတွေပင်တုန်ကာအော်မိတော့သည်။ ထို့အတူလှည့်ကြည့်လိုက်ချိန် လီဟန်ရှင်းဟာ အိပ်ရာဆီကထထိုင်ပြီးကုတင်အောက်မှာခြေတွဲလောင်းချကာ လက်ပိုက်၍ Joe ကိုကြည့်နေသည်။

* သူ သူဘယ်အချိန်တည်းကနိုးနေတာလဲ ကျစ် မသိအောင်ထွက်သွားမလို့ပါဆိုကွာ *

Joe သည် ညကအခြေနေကိုရှင်းရှင်းလင်းလင်းမှတ်မိနေတာကြောင့် အခုချိန်မှာဘာစကားစပြောလို့ပြောရမှန်းမသိပေ ။ Joe စဥ်းစားနေရင်း လီဟန်ရှင်းဝတ်ထားတဲ့ဘောင်းဘီရှည်ကိုတွေ့လိုက်တော့ သူဝတ်ထားတဲ့အကျီလက်ရှည်ကိုပြန်ကြည့်ကာနည်းနည်းတော့မင်သက်သွားသည်။

" ဟေး အဲ့မှာ ဘာရပ်လုပ်နေတာလဲ မင်းကိုယ့်ကိုပြောစရာစကားမရှိဘူးလား "

* ကိုယ် ? ညကကျတော့ ငါ နဲ့ မင်းနဲ့ပြောနေပြီတော့ သူပဲအမျိုးမျိုး *

 BABY IS MY LIFE Where stories live. Discover now