မင်းတို့ခြေလှမ်းတွေသိပ်သွက်နေပါ့လား🔞

44.8K 3.8K 264
                                    

အပိုင်း ၅၂ ။ မင်းတို့ခြေလှမ်းတွေသိပ်သွက်နေပါ့လား 🔞

                         ( Unicode )

အကြမ်းစားအခန်းတွေပါတာကြောင့် အသက်မပြည့်ရင်မဖတ်စေလိုပါ 🙅‍♂️🔞
__________________________________________

" မင်းတို့ခြေလှမ်းတွေသိပ်သွက်နေပါ့လား"

" ဒါ...."

တဖက်ကအေးစက်စွာပြောလာတဲ့စကားတို့က ချန်းကောရှင်း ကျောရိုးတလျှောက်အေးစက်မှု့တို့ခံစားရစေသည် ။ ဒီဖုန်းနံပတ်ဟာ ရှန်းကူပေးတာဖြစ်တာကြောင့် ဖြစ်နိုင်ချေရှိတာက ။

" ရှန် .. ရှန်သခင်ကြီး "

ထိုစကားလုံးသုံးလုံးဟာလူနှစ်ယောက်ရဲ့သွေးကြောထဲကအရိုးတွေပင်စိမ့်တတ်စေနိုင်လိမ့်မယ်လို့ဘယ်သူထင်မည်လဲ ။

" ဟက် ..မင်းကငါ့ကိုသိနေသားပဲ "

" အဲ့ အဲ့ဒါက .... "

နံဘေးက ချန်းဝိန်ယွင် သည်လည်း ရှန်မီယောင်းရဲ့နာမည်ကြားလိုက်ရတဲ့အချိန်မှာ သူမမျက်နှာကကြောက်ရွံ့စွာမျက်စိမျက်နှာပျက်လို့နေပြီ ။

ထို့အတူ ချန်းကောရှင်းဟာ ဖုန်းပြောနေရင်းအဝေးတစ်နေရာကိုကြည့်လိုက်ချိန် ဆိုင်ထဲကိုဖုန်းပြောရင်း ဝင်လာတဲ့လူရဲ့အကြည့်တွေကသူ့အားတိုက်ရိုက်ကျနေတော့သည် ။ ချန်းဝိန်ယွင် လည်း သူ့အကိုရဲ့အကြည့်တွေနောက်လိုက်ကာ လှမ်းကြည့်လိုက်တော့ သူမနှုတ်ခမ်းတွေပင်ဖြူဖျော့လာတော့သည် ။ အနက်ရောင်ဝတ်စုံအပြည့်ဝတ်ထားတဲ့နောက်လိုက်တစ်ချို့နဲ့အတူဆိုင်ထဲဝင်လာတဲ့ရှန်မီယောင်းသည် ဖုန်းကိုသူ့အကျီအတွင်းအိတ်ကပ်ထဲထပ်ကာအေးစက်တဲ့မျက်နှာသွင်ပြင်နဲ့ ထောင့်စားပွဲဆီမှာသူ့အားနောက်ကျောပေး၍ဖုန်းကြည့်နေတဲ့ ကလေးငယ်ဆီဆက်လျှောက်သွားလိုက်သည် ။​

ဇီဟွန် နဲ့ သက်တော်စောင့်နှစ်ယောက်က ရှန်မီယောင်းကိုမြက်တာနှင့်ချက်ချင်းခေါင်းငုံ့ကာအရိုသေပေးလာသည် ။ စားပွဲဆီနီးကပ်လာတာနဲ့အမျှ ချန်းကောရှင်း နဲ့ ချန်းဝိန်ယွင် ရဲ့နှဖူးစပ်ကချွေးသီးတောင်တည်နေတော့သည် ။

 BABY IS MY LIFE Where stories live. Discover now