ကလေးအိပ်နေတယ်မင်းအသံကိုတိတ်ထား!

74.8K 6.7K 234
                                    

အပိုင်း ၆ ။ ကလေးအိပ်နေတယ်မင်းအသံကိုတိတ်ထား!

                       ( Unicode )

*ဖောက်စ်!* (ထောက်ချွန်နဲ့ပစ်လိုက်သံ)

ရှန်မီယောင်းဘက်ကထိုကျောင်းဆရာကိုအကြိမ်ကြိမ်သတိပေးထားပါရက်နှင့်စိတ်ရှုတ်စရာကောင်းလောက်အောင်မိန်းမကြီးလိုအော်ဟစ်နေတဲ့ ကျောင်းဆရာကြောင့်နေလို့မကောင်းတဲ့ ၏ကလေးလေးနှိုးလာတော့မည်ကိုဆက်သည်းမခံနိုင်တာမို့ လွယ်အိတ်ထဲကထောက်ချွန်နှင့်သူမျက်နှာတည့်တည့်ဆီပြစ်ပေါက်လိုက်သည်။

" ဟာ / ဟင် / အို " (အာမေဋိတ်သံ)

ထိုကျောင်းဆရာရဲ့အသက်ကိုနှုတ်ဖို့လောက်ထိပျင်းနေသေးတဲ့ရှန်မီယောင်းကြောင့် ထိုကျောင်းဆရာကံကောင်းထောက်မစွာ ထောက်ချွန်ကကျောင်းဆရာရဲ့ခေါင်းပေါ်ကနေဖြတ်ပြီးနောက်မှာရှိတဲ့စာသင်တဲ့ဘုတ်ပြားကိုထိုးဖောက်သွားစိုက်နေသည်။ ထို့အတူ ထောက်ချွန်နဲ့အပြစ်ခံလိုက်ရတဲ့ ထိုကျောင်းဆရာရဲ့မျက်နှာတစ်ခုလုံးသွေးမရှိသလိုဖြူစုတ်သွားပြီး အတန်းထဲရှိကျောင်းသားတွေရဲ့ထိတ်လန့်မှု့တွေဟာသူတို့မျက်နှာမှာအတိုင်းသားပေါ်လွင်နေခဲ့သည်။

ရှန်မီယောင်းသည်စားပွဲခုံပေါ်ထိုင်နေရင်းပင် ထိုဆရာကိုတည့်တည့်စိုက်ကြည့်ကာ သူ့နှုတ်ခမ်းနားမှာလက်တစ်ချောင်းတင်ပြီးရှန်းကူ ဘက်ကိုမေးငေါ့ပြကာ...

" ဒီကလေးအိပ်နေတယ်မင်းအသံကိုတိတ်ထား!"

ထိုကျောင်းဆရာတစ်ယောက်ကြောက်လန့်၍အသက်ရှူဖို့ကိုပင်မေ့လျှော့ကာ အဲ့အတိုင်းတောင့်တောင့်ကြီးရပ်ပြီး ဘာစကားမှမပြောနိုင်ခဲ့ပါချေ။

ရှန်မီယောင်း ရဲ့ စကားတွေက အေးစက်ပြီး အသက်မပါတဲ့အတိုင်းအရမ်းကြောက်စရာကောင်းနေသည်။ ရှန်မီယောင်း စကားပြောလိုက်တော့မှထိုဆရာမှာမူအခုမှအသက်ပြန်ရှုရသလို လေအသည်းသန်ရှူနေပြီး ကြောက်ရွံကာအသားတွေပင်တုန်ယင်နေပြီးရှန်မီယောင်းကိုကြည့်ကာ...

"မင်း..!"

"ဒီတစ်ခါအသံထွက်ရင်ပေါက်သွားမယ်နေရာက စာသင်ဘုတ်မဟုတ်ပဲ မင်းခေါင်းဖြစ်သွားလိမ့်မယ် အဲ့တော့.."

 BABY IS MY LIFE Where stories live. Discover now