တစ်ဆိုင်လုံးဝယ်ပြီးဖြတ်ရိုက်မယ်!🔞

85.2K 5.2K 520
                                    

အပိုင်း ၃၃။ အဲ့ထဲက ပစ္စည်းအပြင် တစ်ဆိုင်လုံးကိုငါဝယ်မယ်ဆိုရင် မင်းစောက်ခွက်ကိုဖြတ်ရိုက်လို့ရလား။

                           ( Unicode )

အကြမ်းစားအခန်းတွေပါတာကြောင့် အသက်မပြည့်ရင်မဖတ်စေလိုပါ 🙅‍♂️🔞
__________________________________________

" အဲ့ထဲကပစ္စည်းအပြင် တစ်ဆိုင်လုံးကိုငါဝယ်မယ် မင်းစောက်ခွက်ကိုဖြတ်ရိုက်လို့ရလား "

အသံသြသြနဲ့အမိန့်ဆန်ဆန်စကားသံကြောင့် ထိုဝန်ထမ်းနဲ့အားလုံးကနောက်ကိုလှည့်ကြည့်ကြသည်။ ရှန်းကူလေး သည် ရှန်မီယောင်း ကို တွေ့သည်နှင့် ။

" ကိုကို ... "

ဒေါသထွက်နေတဲ့မျက်နှာမျိုးဖြစ်နေတဲ့ရှန်မီယောင်းဟာ ရှန်းကူးအနားကို လျှောက်လာခဲ့ပြီးပုခုံးလေးကိုနူးညံ့စွာဖက်ထားလိုက်သည် ။

" ဘာလို့ တစ်ယောက်တည်းထွက်သွားတာလဲဘေဘီ။ ပျောက်သွားရင်ဘယ်နှယ့်လုပ်မလဲ "

" မပျောက်ပါဘူး။ဟိုနားမှာ ဟိုဦးလေးတွေရှိတယ်လေ "

ရှန်းကူလေးကအဆူခံရမှာစိုးရိမ်စွာ ရှန်မီယောင်းနောက်မှာပါလာတဲ့ သက်တော်စောင့်တွေကိုလက်ညှိုးထိုးပြကာ ပြောနေသည် ။

ရှန်မီယောင်း သည် သူချစ်ရတဲ့ကလေးငယ် ရဲ့ ဖြူစင်တဲ့မျက်နှာလေးကိုကြည့်ကာ ခုနက အရောင်းဝန်ထမ်းကောင်ပြောတဲ့စကားတွေကိုကြားယောင်ပြီး သူ့ကလေးငယ်အတွက်စိတ်မကောင်းဖြစ်လာသည်။ထို့ကြောင့် ရှန်မီယောင်းကရှန်းကူကိုနောက်ပို့ကာ ထိုဝန်ထမ်းရှေ့မှာမတ်တတ်ရပ်ပြီး ဒေါသထွက်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ကာ ။

" ငါ့မေးခွန်းကိုမင်းမဖြေသေးဘူး "

ထိုအခါမှ ဝန်ထမ်း သည် ပြာပြသလဲ သတိဝင်ပြီး ခါးကို 90 ဒီဂရီကုန်း၍ ခေါင်းငုံ့ကာ တောင်းပန်သည် ။

" ဗျ ဗျာ .. အဲ့ အဲ့လိုမဟုတ်ပါဘူး တောင်းပန်ပါတယ်ခဗျ"

" မင်းတောင်းပန်တာကို ငါစိတ်မဝင်စားဘူး။ ကြည့်ရတာ မင်းက ငါ့ချစ်သူကိုအော်ငေါက်ရတာအရသာတွေ့နေပုံပဲ "

 BABY IS MY LIFE Where stories live. Discover now