Babyကိုယ့်ကိုထားခဲ့ရဲ..ထားခဲ့ကြည့်!သတ်ပြစ်မယ်🔞

45.3K 4K 231
                                    

အပိုင်း ၄၀ ။ ဘေဘီကိုယ့်ကိုထားခဲ့ရဲ ထားခဲ့ကြည့်! ကိုယ်ဘေဘီ့ကိုသတ်ပြစ်ပြီး ရေခဲအခေါင်းလှလှလေးထဲထည့်သိမ်းထားလိုက်မှာ

                         ( Unicode )

အကြမ်းစားအခန်းတွေပါတာကြောင့် အသက်မပြည့်ရင်မဖတ်စေလိုပါ 🙅‍♂️🔞
__________________________________________

" ဟေ့ကောင်မင်းကိုပြောနေတာမကြားဘူးလား!!"

ရှန်မီယောင်း သည် သူ့အနားမှာ ပွစိပွစိလာလုပ်နေတဲ့ ဒီကောင်တွေကြောင့် မျက်မှောင်ကျုံ့ကာတစ်ဖြည်းဖြည်းစိတ်ပေါက်လာတာကြောင့် လျှတ်တဖျက်အတွင်းပင် သူ့ရှေ့က အရက်ပုလင်းကို စားပွဲစောင်းနဲ့ရိုက်ခွဲကာ ထိုကောင်ရဲ့ လည်ပင်းနဲ့ပုခုံးကြားထိုးချလိုက်သည် ။

" အားးးးးးး !!! "

ထိုလူရဲ့အားကျင်လွန်းတဲ့ အသံနဲ့အတူ ပုလင်းခေါင်းအချွန်နဲ့ထိုးစိုက်လိုက်တဲ့နေရာက သွေးတွေပန်းထွက်လာတော့သည် ။ ကျန်တဲ့လူတွေလဲကြောင်အ နေရာမှအသိဝင်လာပြီ သူတို့အိတ်ကပ်ထဲက ဓားကိုထုတ်ပြီး ရှန်မီယောင်းကို သတ်ရန်ပြေးလာကြသည် ။ ရှန်မီယောင်းကတော့ သူ့ဆီကိုဓားကိုယ်စီနဲ့ပြေးလာတဲ့ကောင်တွေကိုမျက်တောင်တစ်ချက်မခတ်ပဲရပ်ကြည့်ကာ အနားရောက်လာတဲ့ကောင်တစ်ကောင်ကလှမ်းထိုးဖို့ပြင်နေတဲ့ဓားကိုလက်ကောက်ဝတ်ကကိုင်ပြီး ဂျွတ် ခနဲ့အသံမြည်အောင်ချိုးကာ မျက်နှာကိုလက်သီးနဲ့အားကုန်ထိုးချလိုက်ပြီး ဗိုက်ကိုဆောင့်ကန်လိုက်တာမို့ ပါးစပ်ထဲကသွားတွေကျွတ်ထွက်လာသည် ။

နောက်တစ်ကောင်ကို သူ့လက်ထဲမှာပါလာတဲ့ ဓားနှင့်ပင် သူ့လက်မောင်းနှစ်ဖက်ကအဓိကပင်မအကြောတွေကိုဖြတ်ပြစ်ကာ အကြောသေအောင်လုပ်လိုက်ပြီး အမှိုက်ထုတ်တစ်ထုတ်လိုဆောင့်ကန်လွတ်လိုက်သည် ။ဖြစ်ပျက်သွားတဲ့အရာတွေများ ပျမ်းပြအားဖြင့် 10 မိနစ်ပင်မကြာလိုက်။ သို့သော် သွေးအေးရက်စက်တဲ့ရှန်မီယောင်းလက်တွင် လူတစ်စုအားလှုပ်မရအောင်ဖြစ်သွားရပြီ အသက်ပင်ကျန်သေးရဲ့လားဆိုတာဘယ်သူမှမသိနိုင် ။ထို Bar ထဲမှာရှိတဲ့ကျန်လူတွေကလဲ ရှန်မီယောင်းရဲ့ပုံစံကိုကြည့်ကာ တိတ်ဆိတ်ပြီး ကြောက်လန့်တကြားဖြစ်ကာ ဝေးဝေးနေတော့သည် ။

 BABY IS MY LIFE Where stories live. Discover now