ကိုယ့်အနားမှာပဲနေပေးလို့ရမလား?

79.3K 5.4K 320
                                    

အပိုင်း ၂၃ ။ ကိုယ့်အနားမှာပဲနေပေးလို့ရမလား?

                         ( Unicode )

ဒီနေ့ဟာ ရှန်းကူလေးတို့ကျောင်းဖွင့်ရက်ဖြစ်သည်။ ဒီရက်တွေမှာ ရှန်မီယောင်းက ရှန်းကူလေးကိုအကြောင်းပြချက်တချို့နဲ့အတူခေါ်ထားနိုင်ပေမယ့် ဒီနေ့ကျောင်းဖွင့်ရက်မို့သေချာပေါက် ရှန်းကူလေးကိုရှင်းပြဖို့လိုအပ်မည်။

ငယ်ဘဝကိုမေ့ပျောက်နေခဲ့တာမို့ အခုချိန်မှတော့လည်း ရှန်းကူလေးကိုပြန်သတိမရစေချင်တော့ပါ ။ အဲ့တုန်းက ဒုက္ခနဲ့သောကတွေကို ရှန်မီယောင်းခံစားခဲ့ရတာနဲ့လုံလောက်ပြီးမဟုတ်လား။

ထပ်ပြောရရင် ရှန်မီယောင်းက ဘယ်သူ့ကိုမှမကြောက်တတ်တဲ့ Mafia တစ်ယောက်ဖြစ်နေပေမယ့်လည်း ရှန်းကူလေးရဲ့ငြိုငြင်မှု့နဲ့အမုန်းကိုတော့ သေလောက်အောင်ကြောက်သည်။ ဒါ့ကြောင့် သူဒီကလေးငယ်ဆီကအမုန်းရမှာမျိုးကိုမလုပ်ရဲပါ ။

အပျော်လွန်ပြီးအိပ်မပျော်နိုင်ဖြစ်နေတဲ့ ရှန်မီယောင်းဟာ အိပ်မောကျနေတဲ့သူ့အချစ်ကလေးကိုရင်ခွင်ထဲမှာထွေးပွေ့ရင်းအစောကြီးနိုးနေခဲ့သည် ။ ပြောရရင် သူ့ရဲ့ဝက်ပေါက်လေးကတကယ်အဆိုးလေး အထူးသဖြင့် အိပ်ပျော်နေတဲ့အချိန် မသိစိတ်ရဲ့လှုပ်စော်မှု့တွေအရပေါ့ ။ အခုကြည့် ရှန်မီယောင်းဖက်ထားတဲ့ရင်ခွင်ထဲကနေတွန်းရုန်းပြီး ရင်ဘတ်ပေါ်ကိုခေါင်းအုံးအိပ်နေပြီးမှ လက်တွေကခါးကိုဖက်ထားရင် သေးသွယ်တဲ့ခြေထောက်လေးတွေနဲ့ရှန်မီယောင်းပေါင်တွေကိုဖက်လုံးတစ်ခုအလားဖက်တွယ်ထားသေးသည်။

ပက်လက်အနေအထားနဲ့ရှိနေတဲ့ရှန်မီယောင်းကိုသူ့စိတ်ကြိုက်ပြုမှုပြီးတဲ့နောက်မှာပြန်ငြိမ်ကြသွားပြန်ပြီ ။ ခဏအကြာလောက်ထိရှန်မီယောင်းငြိမ်ငြိမ်လေးနေပေးပြီးမှ ရှန်းကူလေးခေါင်းကိုသူ့လက်​မောင်းဆီအသာလေးမ ၍ ပြောင်းတင်ပေးလိုက်ပြီး သက်တောင့်သက်သာဖြစ်အောင် ကိုယ်ဟန်အနေအထားလုပ်ထားပေးလိုက်သည်။
မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့ အနေအထားမှာ
ရှန်မီယောင်းသည်ရှန်းကူလေးရဲ့ငွေမျှင်ရောင် ဆံပင်လေးတွေကိုဖွဖွလေးနမ်းရှိုက်ကာခါး​လေးကိုဖက်ထားသည် ။

 BABY IS MY LIFE Where stories live. Discover now