လုပ်ကြံခံလိုက်ရတဲ့သူတို့နှစ်ဦး

48.1K 3.8K 338
                                    

အပိုင်း ၃၄။ လုပ်ကြံခံလိုက်ရတဲ့သူတို့နှစ်ဦး

                      
                            ( Unicode )

သာယာတဲ့မနက်ခင်းတစ်ခုမှာ နေရောင်ခြည်ရဲ့နွေးဓာတ်နှင့်အပြိုင် နွေးထွေးလွန်းတဲ့ ရင်ခွင်ထဲကိုတိုးဝင်ကာအိပ်မောကျနေတဲ့ ချစ်စရာကောင်းတဲ့ရှန်းကူလေး ကို ချစ်ရည်ရွန်းလဲ့နေတဲ့မျက်ဝန်းတစ်စုံနဲ့စိုက်ကြည့်နေတဲ့ သူတစ်ယောက်လဲရှိသည်။ အပြာရောင်ပြောင်သားချည်ထည် ညအိတ်ဝတ်စုံလေးကိုဝတ်ထားပြီး စောင်ကိုဂျိုင်းအောက်ထိသာခြုံထားသည့် ရှန်းကူရဲ့မျက်နှာလေးဟာ ဖြူစင်သန့်ရှင်းနေသည်။ နီရဲနေတဲ့ပါးမို့လေးတွေနဲ့ ကော့ညွှတ်နေတဲ့မျက်တောင်လေးတွေဟာ အိပ်နေရင်းကြည့်တာပင် တစ်မျိုးလေးဆွဲဆောင်လွန်းသည် ။

ရှန်မီယောင်းမျက်နှာဘက်စီတစ်စောင်းအိပ်ကာလက်လေးနှစ်ဖက်ကိုခေါင်းအုံးနားမှာစုတင်ထားတဲ့ ပုံစံလေးဟာအရမ်းချစ်ဖို့ကောင်းနေသည် ။
ရှန်မီယောင်းကိုယ်တိုင်လဲ ရှန်းကူနဲ့ဆင်တူညအိပ်ဝမ်းဆက်အပြာရောင်ပြောင်သားကိုဝတ်ဆင်ထားပြီး အိပ်ပျော်နေတဲ့ရှန်းကူးလေးကို လက်တစ်ဖက်ထောက်ပြီး ကျန်တစ်ဖက်ကဆံပင်တိုလေးတွေကိုမျက်လုံးနားကဖယ်ကာ ပါးလေးတွေကိုမထိတထိပွတ်သပ်နေသည် ။

* ချစ်ဖို့ကောင်းလိုက်တာ *

ရှန်မီယောင်းရဲ့မထိတထိပွတ်သပ်မှု့ကြောင့် ရှန်းကူလှုပ်လာပြီး * အင်းး * တစ်ချက်ညီးကာ မျက်လုံးမပွင့်ပဲဟိုဘက်ပြန်လှည့်အိပ်သွားသည်။

ရှန်မီယောင်းကိုနောက်ကျောပေးပြီး ပြန်အိပ်ပျော်သွားတဲ့ကလေးကြောင့် ရှန်မီယောင်းနှုတ်ခမ်းတွေက လခြမ်းကွေးလေးပြုံးကာ နောက်ကနေ ကလေးငယ်ရဲ့ ခေါင်းကိုအသာမကာသူ့လက်မောင်းပေါ်တင်လိုက်ပြီးခါးလေးကိုဖက်ပြီး သူ့ရင်ဘတ်ဆီဆွဲကပ်ကာဖက်ထားလိုက်သည်။ မနက်ခင်းမှာအသည်းယားစရာကောင်းတဲ့ကလေးဆီက ရှန်မီယောင်း ရနေကြမွေးပျံ့တဲ့ ကကိုယ်သင်းရနံ့လေးကြောင့် လည်တိုင်လေးကိုနှာခေါင်းနဲ့တိုးဝှေ့နမ်းရှိုက်နေသည် ။

* မွှေးလိုက်တာ *

ရှန်မီယောင်းဟာ ရှန်းကူလေးရဲ့ခါးကိုဖက်ထားတဲ့လက်တွေကပို၍တင်းကြပ်လာပြီး နောက်ကနေလည်တိုင်ကိုနမ်းတဲ့အနမ်းတွေကလဲပိုများလာခဲ့သည် ။

 BABY IS MY LIFE Where stories live. Discover now